ရုံးဖွင့်ရက်ကာလအတွင်း ပြေးဆွဲပေးမည့် ယာဉ်လိုင်းများကိုစီမံနေဟု YRTA ပြော

ဧပြီလ ၂၀ ရက်တွင် ရုံးများအားလုံးပြန်ဖွင့်မည်ဖြစ်သည့်အတွက် ယင်းကာလအတွင်း ပြေးဆွဲပေးမည့် YBS ယာဉ်လိုင်းများကို စီမံနေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

Image may contain: outdoor

နှစ်သစ်ကူးရုံးပိတ်ရက်သည် ဧပြီလ ၁၉ ရက်တွင်ပြည့်ပြီဖြစ်သည့်အတွက် ဧပြီလ ၂၀ ရက်မှစ၍ လုပ်ငန်းများအားလုံးပြန်လည်စတင်မည်ဖြစ်သည့်အတွက် YBS ခရီး သည်တင်ယာဉ်လိုင်းများ ပြေးဆွဲပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ၄င်းကအထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Four universities to be added to YBS routes next month - Global ...

“တစ်နေ့နဲ့တစ်နေ့ အခြေအနေကလည်းမတူဘူး။ နောက် ဆုံးအခြေအနေကိုကြည့်ပြီးတော့ ယာဉ်လိုင်းတွေက ထွက်ပေးနိုင်တဲ့ ယာဉ်လိုင်းတွေရှိတယ်။ သူ့ဟာသူထွက်ပေးနိုင်တဲ့ ယာဉ်လိုင်းတွေ ထွက်ပေးလိမ့်မယ်။ ယာဉ်လုပ်သားတွေနဲ့ပတ်သက်လို့လည်း လိုအပ်တဲ့ အစီအမံတွေ လုပ်နေတယ်။ အတတ်နိုင်ဆုံး အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ထားတယ့်အချက်တွေကို ယာဉ်တွေကိုလည်း အသိပေးထားပြီးဖြစ်တယ်။ အသိပေးပြီးဖြစ်တဲ့အတွက် ယာဉ်တွေကလည်း ခရီးသွားတွေကို မေတ္တာရပ်ခံပေးလိမ့်မယ်။ ပြီးတော့ ပြေးဆွဲပေးနိုင်မယ့်ယာဉ်လိုင်းတွေကို အခုမှစီမံနေတုန်းပဲ။ အစည်းအဝေးတွေလည်းတောက်လျှောက်လုပ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

Yangon Bus Service YGN 5N-5870 | 29/09/18. Alan Pya Pagoda S… | Flickr

လက်ရှိတွင် မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်း ယာဉ်လမ်းကြောင်းပေါင်း ၁၃၇ လမ်းကြောင်းပြေးဆွဲပေးနေပြီး နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ယာဉ်လိုင်းပေါင်း ၅၆ လိုင်း ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် ပြေးဆွဲပေးနေပြီး ယင်းကာလအတွင်းပြေးဆွဲပေးသည့် ယာဉ်များကို CNG အခမဲ့ထုတ်ပေးနေကြောင်း သိရသည်။

One year after YBS reform, bus line blues still plague Yangon ...

“ဘတ်စ်ကားလိုင်းတွေဆိုတာ ခရီးသည်ရှိမှပြေးဆွဲလို့ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ မနက်ဖြန် ရုံးတွေပြန်ဖွင့်ပြီဆိုပေမယ့် တချို့အလုပ်တွေကလည်း ပိတ်ထားတုန်း။ ခရီးသည်များရင်ယာဉ်လိုင်းတွေကလည်း ပြေးဆွဲပေးပါလိမ့်မယ်။ ကျွန်တော်တို့လည်း ညွှန်ကြားချက်စောင့်နေတာပါ။ မနက်ဖြန်ရုံးတွေပြန်ဖွင့်ပြီဆိုတော့ ယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီး ခုချိန်ထိတော့ ဘာမှမညွှန်ကြားသေးဘူး”Power Eleven ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

အကုန်သိ

Facebook Comments

Burmese Online News