ငယ်ဘဝကတည်းက စိတ်မလေဘဲ လူမှုကောင်းကျိုးတွေကို နိုင်သလောက်လုပ်ပေးခဲ့ရင် ကြီးဘဝမှာငြိမ်းချမ်းမှာ အသေအချာပဲလို့ဆိုလာတဲ့ဦးကျော်သူ

ဦးကျော်သူဟာငယ်စဉ်ကတည်းက နာမည်ကျော်တဲ့ရုပ်ရှင်မင်းသားတစ်ဦးဖြစ်သလို ယခုအခါလဲ ပရဟိတအလုပ်များနှင့်နာရေးကူညီမှုအသင်းတစ်ခုကိုဦးစီးလုပ်ကိုင်ပြီးတော့ အများအကျိုးသယ်ပိုးဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ယခုအခါသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ လူငယ်တွေလမ်းမှားမရောက်အောင် ငယ်စဉ်ကတည်းက လှူမှုကောင်းကျိုးများပြုလုပ်နိုင်ရန် ယခုလိုလမ်းပြပေးခဲ့ပါတယ်။

Image may contain: 1 person, sitting and outdoor

မိုက် တယ်ကွာ…ဂေါ် တယ်ကွာ…ဟော့ တယ်ကွာ…လန်း တယ်ကွာ… လို့ ပြောနေမယ့်အစားငါ အဲဒီအရွယ်မှာ လူမှုကောင်းကျိုးဘာတွေများလုပ်ခဲ့လဲ?
လက်ရှိ အချိန်မှာကော အများကောင်းကျိုးတွေလုပ်နေသလား?ဒါကို ပြန်ပြီးသုံးသပ်ပါ။

Image may contain: 1 person, sitting and outdoor

ငယ်ဘဝ ဆိုတာပြန်မရနိုင်ဘူး။ငယ်ဘဝ ကထဲက စိတ်မလေဘဲ လူမှုကောင်းကျိုးတွေကို နိုင်သလောက်လုပ်ပေးခဲ့ရင် ကြီးဘဝမှာငြိမ်းချမ်းမှာ အသေအချာဘဲ။ငယ်ဘဝ မှာ “လူငယ်” ဆိုတဲ့ ပညတ်ကိုခုတုံးလုပ်ပြီး ကဲချင်သလိုကဲ၊ဆိုးချင်သလိုဆိုး၊မိုက်ချင်သလိုမိုက်ခဲ့ကြရင်တော့ ကြီးလာတဲ့အချိန်ရောက်ရင် ကောင်းမှုတွေကိုပြန်အဖတ်ဆယ်ရတာမောပါ့ကွာ…မောပါ့။ဒါဟာ….ငါ ပြန်မရနိုင်တော့တဲ့ငါ့ဘဝနဲ့ရင်းပြီး ခံစားခဲ့ရတဲ့ဖြစ်ရပ်ဟောင်းတွေ၊ လုပ်ရပ်ဟောင်းတွေရဲ့ပြစ်ချက်၊ဆိုးချက်တွေပါ။

Image may contain: 1 person, sitting, child and outdoor

ဒါကို အထူး တိကျ သေချာ လေးနက်စွာသင်္ခဏ်းစာယူကြပါ လူငယ်အပေါင်းတို့…။မေတ္တာ စေတနာ အရင်းခံလျက်……….သက်ရှည်ကျန်းမာချမ်းသာ သောကကင်းကြပါစေ…. ကျော်သူ ။

Image may contain: 1 person, child and close-up

Image may contain: 1 person, sitting

Facebook Comments

Burmese Online News