ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၏ ယာဉ်မောင်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ကိုယ်ရေးအရာရှိတို့ကို ကျိုင်းတုံတွင် Quarantine လုပ်ထား

ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်တွင် အတူ လိုက်ပါ တာဝန် ထမ်းဆောင်ခဲ့သူများကို ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် Test Kits ဖြင့် စစ်ဆေးစဉ် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၏ ယာဉ်မောင်းနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ကိုယ်ရေးအရာရှိတို့မှာ COVID-19 နှင့် ပတ်သက်၍ သံသယ ဖြစ်ဖွယ် တွေ့ရသဖြင့် ကျိုင်းတုံမြို့တွင် Quarantine ပြုလုပ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ...

“ Test Kite နဲ့ စစ်ဆေးကြည့်လို့၊ COVID-19 သံသယ ဖြစ်ဖွယ်ရယ်လို့တောင် အတိအကျ အတည်ပြု ပြောလို့ရတဲ့ အနေအထား မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ရဲ့ လက်ရှိ ကျန်းမာရေးကတော့ ကောင်းနေပါတယ်။”ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် ဝန်ကြီးချုပ် အပါအဝင် ၃၀ ဦးခန့်အား Test Kits ဖြင့် စစ်ဆေးစဉ် ယင်းဝန်ထမ်း ၂ ဦးအား ကိုယ်အပူချိန် မြင့်တက်နေခြင်းကြောင့် ခရီးစဉ်တွင် လိုက်ပါ တာဝန် ထမ်းဆောင်စေခြင်း မပြုဘဲ Quarantine ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည့် အပြင် ယင်း Test Kits မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ် ပြုထားခြင်း မရှိသဖြင့် စစ်ဆေးမှုသည် တရားဝင်သည်ဟု ပြောဆို၍ မရကြောင်း ရှင်းပြသည်။

ကျိုင်းတုံမြို့၌ လူငယ်ဖိုရမ်ကို ...

ရှမ်းပြည်ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ် အရှေ့ပိုင်း ခရီးစဉ်တွင် ဝန်ကြီးချုပ်နှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းများကို ကျိုင်းတုံပညာရေးတက္ကသိုလ်၊ ရတနာဆောင်တွင် Facility Quarantine ပြုလုပ်ထားပြီး ၎င်းတို့အား ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် တာဝန် ရှိသူများက စောင့်ကြပ်ပေးလျက် ရှိကြောင်း သိရသည်။

ကမ္ဘောဇတိုင်းမ်

Facebook Comments

Burmese Online News