တရက်ကို လူပေါင်း ၁၃၀၀ ကျော် COVID-19 စစ်ဆေးနိုင်မည့်စက် မြဝတီ ရောက်ရှိ

၂၄ နာရီအတွင်း လူဦးရေ ၁၃၀၀ လောက်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်မယ့်စက်နဲ့ ဆက်စပ်ပစ္စည်းတွေ ကုန်တင်ယာဉ်နဲ့ ထိုင်းနိုင်ငံကနေ နယ်စပ် အမှတ် (၂) တံတားကနေတဆင့် သယ်ဆောင်လာရာမှာ ဒီကနေ့ ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ မြဝတီမြို့ကို ရောက်ရှိလာပါတယ်။

Image may contain: one or more people, people standing and outdoor

ရောဂါပိုး စစ်ဆေးစက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်လာတဲ့ကုန်တင်ယာဉ်တွေကို မြဝတီခရိုင် တာဝန်ရှိသူတွေက ကြိုဆိုစစ်ဆေးပြီးနောက် ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Image may contain: 1 person

COVID-19 ရောဂါစစ်ဆေးတဲ့စက်အပါအဝင် ကျပ်သိန်း ၈၃၅၀ ကျော်တန်ဖိုးရှိ ဆက်စပ်ပစ္စည်းတွေကို AA Medical Products ကုမ္ပဏီ က ဧပြီ ၅ ရက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို လှူဒါန်းခဲ့တာပါ။

Image may contain: one or more people and outdoor

ဆွစ်ဇာလန်နိုင်ငံ Roche Diagnostics ကုမ္ပဏီကထုတ်လုပ်တဲ့ Cobas 6800 M PCR စက်ဟာ ၈ နာရီအတွင်း လူပေါင်း ၃၈၀ ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း ၁၃၀ဝ ဦးလောက်ကို အလိုအလျောက် စစ်ဆေးပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

Image may contain: 2 people, people standing

အဆိုပါစက်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှာ ထားရှိပြီး နိုင်ငံတဝန်းက ပေးပို့လာတဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Image may contain: car and outdoor

ဒီဗွီဘီ

Facebook Comments

Burmese Online News