တောင်ကြီးက ကိုဗစ်လူနာအမှတ် (၁၂၁) နဲ့ပတ်သက်ပြီး စဝ်စံထွန်းဆေးရုံရဲ့ မေးခွန်းထုတ်ဖြစ်ရပ်

တောင်ကြီးက ပိုးတွေ့လူနာအမှတ် (၁၂၁) နဲ့ပတ်သက်ပြီး စဝ်စံထွန်းဆေးရုံရဲ့ လုပ်ရပ်က မေးခွန်းထုတ်စရာပါ..ရန်ကုန်မှာ Quarantime ၁၄ ရက် ဝင်ခဲ့ပြီးလို့ အနံမရတဲ့ အခြေအနေကို ၉ ရက်နေ့က လူနာကလေးမနဲ့ သူ့အဖေဆေးရုံမှာ စစ်ပေးဖို့သွားပြောခဲ့တယ်.. တာဝန်ကျအမျိုးသားဆရာဝန်က စစ်ဆေးလို့ပြောတိုင်း စစ်ပေးလို့မရကြောင်း လူနာအရမ်းများနေတာရယ် စက်မရှိတာရယ် အကြောင်းပြလို့ ပြန်လာခဲ့ရတယ်တဲ့Homequrantine ဝင်ခိုင်းထားတာလဲ မဟုတ်ဘူးတဲ့.. အဲ့ဒီ လူနာအမှတ် (၁၂၁) ရဲ့အမေဟာ ကိုယ်ဝန် ၅ လရှိနေပြီး လူနာအမှတ် (၁၂၁) ဟာသူ့အမေအိမ်ကို မကြာခနဝင်ထွက်နေတယ်လို့သိရတယ်…

လူနာအမှတ် (၁၂၁)ဟာ မိမိကိုယ်ကိုအနံမရတဲ့အတွက် သံသယဝင်လာတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမူးကနေတဆင့် ကျန်းမာရေးဝန်ကြီးဌာနကို စာတင်ပြီးစစ်ပေးဖို့ တောင်းဆိုခဲ့လို့သာ ပိုးတွေ့တယ့်အဖြေထွက်လာတာပါ…

သူ့ဟာသူ အပြင်ဆေးခန်းမှာ တိုးတိုးတိတ်တိတ်ကုနေသူလဲမဟုတ်ပါဘူး.. ဒီတော့ ကျနော်ပြောချင်တာက တာဝန်ရှိသူတွေအနေနဲ့ ဒီလိုရန်ကုန်မှာ Quarantine ဝင်ခဲ့ပြီး နောက်တခါသံသယရှိလို့ လာပြသူကို ချက်ချင်းစစ်ပေးဖို့ စီစဉ်ပေးရမှာကို ဘာကြောင့်မစစ်ပေးခဲ့သလဲဆိုတာနဲ့ နောက်ထပ် ဘယ်လောက်ထိ ဒါမျိုးဖြစ်ရပ်တွေဖြစ်ခဲ့ပြီလဲဆိုတာ မသိနိုင်ပါဘူး…

တောင်ကြီးကမိတ်ဆွေတွေကို ပြောချင်တာကတော့ မပေါ့ကြပါနဲ့တော့လို့ပဲ.. လူနာတိုင်းဟာ ဒီကလေးမလိုတော့ တာဝန်သိကြမှာမဟုတ်ဘူးဆိုတာပဲပြောချင်ပါတယ်… အားလုံးပဲ ဂရုပြုကြပါ…

#Blacker

Facebook Comments

Burmese Online News