လူနာ အမှတ် ၁၂၀ က မြန်မာပလာဇာမှ MPT အရောင်းဝန်ထမ်းတစ်ဦးဖြစ်

မိသားစုဝင် ၃ ဦးကိုလည်း ညတွင်းချင်းQuarantine စင်တာပို့ဆောင် ဒီနေ့ ည ၈ နာရီက ထုတ်ပြန်ခဲ့တဲ့ COVID-19 အတည်ပြုလူနာ အမှတ် ၁၂၀ ဟာ မြန်မာပလာဇာမှာ အလုပ်လုပ်ကိုင်တဲ့ MPT ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောပါတယ်။

MPT SHOWROOM (JUNCTION SQUARE) - Cell Phone Store in Yangon
လူနာဟာ သင်္ကြန်မတိုင်ခင် ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာပလာဇာ MPT Show Room မှာ အလုပ်ဆင်းထားသူဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့မှာတော့ ဖျားနာချောင်းဆိုးခံစားခဲ့ရလို့ တာမွေမြို့နယ်က Fever Clinic မှာ သွားရောက်ပြသခဲ့တာဖြစ်ပါတယ်။

“ သူက ၁၀ ရက်နေ့က အလုပ်နားသွားတယ်ပြောတယ်။ အဲဒီနေ့ကတည်းက အိမ်ထဲကို အိမ်ပြင်ကို မထွက်ဘူး။ မနေ့ကမှ ဖျားပြီးချောင်းဆိုးပြီး ဆေးခန်းသွားပြတာ။ မသက်သာလို့ ဆေးရုံပို့ စစ်ဆေးလိုက်တာ Positive တွေ့တာပေါ့” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောပါတယ်။

MPT SHOWROOM (JUNCTION SQUARE) - Cell Phone Store in Yangon
အဆိုပါ လူနာဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းမှာ နေထိုင်တဲ့သူဖြစ်ပြီး လက်ရှိ အဲဒီနေရာကို လည်း Lock Down ချလိုက်ပြီလို့သိရပါတယ်။ သူနဲ့ ထိတွေ့ခဲ့သူ မိသားစုဝင်တွေ ဖြစ်တဲ့ မိခင်၊ အဘိုးနဲ့ အဘွား စုစုပေါင်း ၃ ဦးကိုလည်း ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ သံလွင်ဆောင် Quarantine စင်တာကို ညတွင်းချင်း ပို့ဆောင်လိုက်ပြီလို့လည်းသိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဧပြီလ ၂၁ ရက်ထုတ်ပြန်ချက်အရ လူနာသစ် (၂) ဦးထပ်တိုးခဲ့ရာမှာ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက တစ်ဦးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ကတစ်ဦးတို့ဖြစ်ပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News