ကျန်းမာရေးဝန်ထမ်းများ၏ကားများကိုဆီဈေးလျှော့ယူပေးနေတဲ့ ဦးဇော်ဇော်
ယခုအခါ COVID -19 ကြောင့်ပြည်သူတွေအတွက်အစိုးရမှထောက်ပံ့မှုများပြုလုပ်ပေးနေပြီး ပရဟိတအဖွဲ့အစည်းများမှလည်း တတ်အားသရွေ့ကူညီဆောင်ရွက်ပေးနေကြတဲ့ကာလဖြစ်ပါတယ်။ ယခုအခါ Max ဇော်ဇော်ဟုလူသိများသော Max ဆီဆိုင်ပိုင်ရှင် ဦးဇော်ဇော်မှ သူ၏ဆိုင်တွေ စက်သုံးဆီလာထည့်ထားသောကားများအနက် ကျန်းမာရေးဝန်ထမ်းကားများ လူနာတင်ယာဉ်များနှင့် ရဲ့ကားဆိုရင် ဆီဈေးကိုဈေးလျှော့ယူပေးနေတယ်ဆိုပြီး ဆရာဝန်တစ်ဦး၏ လူမှုကွန်ယက်စာမျက်နှာမှာအောက်ပါအတိုင်းရေးသားဖော်ပြပေးထားတာဖြစ်ပါတယ်။
ဦးဇော်ဇော်၏ လေးစားစရာ လုပ်ရပ်တစ်ခု
Max ဆီဆိုင်ကနေ အထွက်ကို မျက်ရည်တွေဝဲပြီးထွက်လာရလိမ့်မယ်လို့ တသက်နဲ့တစ်ကိုယ်မထင်ခဲ့ဖူးဘူးဒီနေ့ဆေးရုံကအပြန် scrub suit နဲ့ပြန်လာပီးဆီဝင်ဖြည့်တယ်ပေါ့ scrub suit နဲ့ဆိုတော့ဆီဖြည့်ပေးတဲ့ကောင်လေးက အမက ဆရာဝန်လားတဲ့ ဟုတ်တယ်လို့ပြန်ဖြေပီး (စိတ်ထဲမှာတော့ ငါ့များမောင်းထုတ်မလို့လားလို့ ထိတ်ခနဲဖြစ်သွားတယ် )ဘာဖြစ်လို့လဲလို့ပြန်မေးတော့ ကျနော်တို့ဆီဆိုင်က ဆရာဝန်တွေဆို 92 ၁လီတာကို ၂၅၀ နဲ့ဈေးလျော့ပေးနေပါတယ်တဲ့
ကိုယ်ကျေနပ်ပီတိတွေဖုံးပြီး မျက်ရည်တွေဘာတေဝဲပြီးပြုံးဖြီးဖြီးဖြစ်သွားတဲ့ မျက်နှာကို ဦးဇော်ဇော်ကြီးကိုမြင်စေချင်လိုက်တာ 😁😁
Dr Thet Su Phyu(Yangon Hospital)