ရခိုင်ပြည်နယ်မှ COVID 19 သံသယလူနာများ၏ ဓါတ်ခွဲနမူနာများကို လေယာဉ်ဖြင့်သာ ရန်ကုန်သို့ ပို့ဆောင်တော့မည်

ရခိုင်ပြည်နယ်မှ COVID 19 သံသယလူနာများ၏ ဓါတ်ခွဲနမူနာများကို လေယာဉ်ဖြင့်သာ ရန်ကုန်သို့ ပို့ဆောင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြော သည်။ ဧပြီလ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီး သင်တန်းခန်းမတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြောသည်။

ဒေါက်တာသာထွန်းကျော် | Myanmar NOW

“ရခိုင်ပြည်နယ်အခြေအနေနဲ့ပြောရရင် လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ COVID 19 ရောဂါပိုးတွေ့ရှိသူတစ်ရာကျော်ပေမယ့် ရခိုင်ပြည်နယ်အနေနဲ့က COVID 19 ရောဂါပိုးရှိတဲ့သူတစ်ဦးမှ မတွေ့သေးဘူးဆိုတဲ့အခြေအနေလေးကို တင်ပြခြင်းဖြစ်ပါတယ်။ လက်ရှိနေတဲ့ လူနာ ၄ ယောက် PUI လို့ခေါ်တဲ့ လက်ခံကုသနေတဲ့လူနာတွေကိုတော့ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ သီးခြားခွဲထားပြီးတော့ စီစဉ်ဆောင်ရွက်နေတယ်လို့ပဲတင်ပြပါရစေ။ လေကြောင်းလိုင်းတွေ ပြန်ပြီးတော့ စတင်ဖွင့်လှစ်ရင် လေကြောင်းလိုင်းနဲ့ပဲ ကျွန်တော်တို့ရဲ့ ဓါတ်ခွဲနမူနာများကို ရန်ကုန်ကိုပို့ဖို့အတွက် စီစဉ်နေတဲ့ အခြေအနေလေးဖြစ်ပါတယ်’’ဟု ၄င်းကပြောသည်။

မြို့သစ်စီမံကိန်းတစ်ခု စစ်တွေ ...

ရခိုင်ပြည်နယ်စစ်တွေမှ COVID 19 စောင့်ကြည့်ခံရသူများ၏ ဓါတ်ခွဲနမူနာကို ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ယူ ဆောင်လာသည့် WHO တံဆိပ်တပ် မော်တော်ယာဉ်အား ဧပြီ ၂၀ ရက်က မင်းပြားမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင်အဆိုပါ ယာဉ်မောင်းသေဆုံးခြင်းအတွက် မြန်မာနိုင်ငံ ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးမှ ၀မ်းနည်းကြောင်း အထိမ်းအမှတ်ဖြင့် အလံတစ်ဝက်လွှင့်ထူခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်ကိုလည်း အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

အကုန်သိ

Facebook Comments

Burmese Online News