ပလက်ဝ မြန်မာ့စီးပွားရေးဘဏ်ထဲ လက်နက်ကြီးကျ ၃ ဦးပွဲချင်းပြီး သေဆုံး
ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် မြန်မာ့ စီးပွားရေး ဘဏ်ထဲ ယနေ့ ညနေ ၅ နာရီဝန်းကျင်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်း စာရေးမ ဒေါ်နွယ်နွယ် အပါအဝင် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြို့ခံများကပြောသည်။
ယနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်ကလည်း ပလက်ဝ မြို့ တဘက်ကမ်း မီးစာ ( သစ် ) ကျေးရွာအနီး စိုက်ခင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ဟင်းခူးနေသူ အသက် ၄၀ ကျော် အရွယ် ဒေါ်သန်းသန်းဝင်းမှာ နေရာတွင် သေဆုံးသွား ခဲ့ကြောင်း ကာသကံရှင် မိသားစုဝင်များက ပြောသည်။
လက်ရှိအချိန်တွင်လည်း ပလက်ဝမြို့အနီးဝန်းကျင်တွင် တပ်မတော်နှင့် အေအေ တို့ ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီ
Facebook Comments