ထုတ်ပြန်ချက်တွေကို တိတိကျကျလိုက်နာမှုမရှိသည့် မည်သည့်စက်ရုံမဆို ပြန်ဖွင့်ခွင့်ရမည်မဟုတ်

စစ်ဆေးဖို့ တင်ပြလာတဲ့ စက်ရုံ ၃၀၀ကျော်ရှိပေမယ့်လည်းသတ်မှတ်စည်းမျဉ်းနဲ့ မညီလို့ အစစ်ဆေးမခံနိုင်သေးတာ များနေတယ်လို့သိရပါတယ်။သတ်မှတ်ချက်နဲ့ညီမညီ စစ်ဆေးမှု ခံယူပြီးမှ ပြန်လည်ဖွင့်ခွင့်ပြုမယ့် စက်ရုံ၊အလုပ်ရုံတွေအနေနဲ့ အစောဆုံး ပြန်ဖွင့်နိုင်ဖို့ဆိုရင် အစိုးရရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

စက်ရုံ အလုပ်ရုံတွေမှာ ၆ပေ အကွာကနေ ...

စစ်ဆေးပေးဖို့ တင်ပြလာတဲ့ စက်ရုံ ၃၀၀ ကျော်အထိ ရှိပေမယ့်လည်း သတ်မှတ်စည်းကမ်းတွေနဲ့ မညီညွတ်လို့ အစစ်ဆေးမခံနိုင်တဲ့စက်ရုံတွေများနေတဲ့အတွက် အကြောင်းကြားစာပေးပို့ထားရတယ်လို့လည်း အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးမှူး ဦးသူရအောင်ပြောပါတယ်။

“ကျွန်တော်တို့ စစ်ဆေးနေတဲ့နေရာမှာ တချို့စက်ရုံတွေက လာရောက်စစ်ဆေးခံနိုင်တဲ့ အနေအထားမရှိသေးပါ ဘူး။ အဆင်သင့်ဖြစ်တဲ့ စက်ရုံ နည်းတယ်၊စစ်ဆေးပြီးရင် ပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ လာတင် ကြတယ်။သွားစစ်တော့မှ အစစ်မခံနိုင်သေးလို့ နောက်နေ့မှ ပြန်လာစစ်ပေးပါလို့ ပြောတာတွေက များနေတယ်။ ဒါကြောင့် အခု ကျွန်တော်တို့ဖက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ပါစာနဲ့တကွ တစ်ခုချင်းစီကို ဖြည့်စွက်ပြီးမှ ဓာတ်ပုံနဲ့တကွ တင်ပြလာမှသာ လာစစ်ဆေးပေးမယ်လို့ အကြောင်းကြားစာပို့ထားပါတယ်။”လို့ ဦးစီးမှူး ဦးသူရအောင်က ပြောပါတယ်။

စက်ရုံ အလုပ်ရုံတွေမှာ ၆ပေ အကွာကနေ ...

လက်ရှိအချိန်ထိ စက်ရုံတွေကို စစ်ဆေးနေရာမှာ ပထမရက်စတင်သည့်နေ့တွင် ၁၈ရုံ စစ်ဆေးထားနိုင်ပြီး ဒုတိယနေ့ဖြစ်တဲ့ ဒီကနေ့ဧပြီလ ၂၂ရက်နေ့မှာတော့ ၂၆ရုံ စစ်ဆေးသွားဖို့ရှိတယ်လို့သိရပါတယ်။စက်ရုံတွေကိုစစ်ဆေးရာမှာ အစိုးရက ညွှန်ကြားထားတဲ့အတိုင်း ဆေးဝါးစက်ရုံတွေနဲ့ စားသောက်ကုန်ထုတ် လုပ်တဲ့ စက်ရုံတွေကို ဦးစားပေးစစ်ဆေးနေပြီး စက်ရုံအများစုက အစိုးရရဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ပါ အချက်အလက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်မှု အားနည်းနေတယ်လို့လည်း သိရပါတယ်။

Xinhua Myanmar - ဗီယက်နမ်နိုင်ငံတွင် အလုပ် ...
“စက်ရုံတွေက အစောဆုံး ပြန်ဖွင့်ချင်ပေမယ့်သတ်မှတ်စည်းကမ်းတွေကိုတော့ လေးစားလိုက်နာမှု အာားနည်းနေပါတယ်။သူတို့က စစ်ပြီးတာနဲ့ ပြန်ဖွင့်လို့ရပြီဆိုတဲ့ အတွေးလောက်နဲ့ လာစစ်ပေးဖို့ တင်ပြလာနေ ကြပြီး တစ်ကယ်တမ်းလည်းကျရော အစစ်မခံနိုင်ကြသေးပါဘူး။စက်ရုံတွေကို ၁၀ရက်တည်းနဲ့ အပြီးစစ်ဆေးပြီး ပြန်ဖွင့်နိုင်မလားဆိုတဲ့အပေါ်မှာတော့ သူတို့ဖက်က လိုက်နာမှု အားနည်းမှုတွေ ရှိနေတာကြောင့် မပြောနိုင်ပါ ဘူး”လို့လည်း ဦးသူရအောင်က ဆက်လက်ပြောပါတယ်။

အာဆီယံဆိုင်ရာ အလုပ်သမားများ ...

လက်ရှိ မြန်မာနိုင်ငံမှာတော့ စက်ရုံအလုပ်ရုံတွေကို အစိုးရက ပိတ်ခိုင်းထားပြီး သတ်မှတ် ညွှန်ကြားချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိကို စစ်ဆေးခံပြီးမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ သတင်းထုတ်ပြန်ထားတဲ့အတွက်စက်ရုံ အလုပ်ရုံတွေက ဧပြီလ ၃၀ရက်နေ့အထိ ပိတ်ထားရပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News