မြန်မာနိုင်ငံက ကိုဗစ် ကာကွယ်ရေး ဈေးခင်းပုံကို နိုင်ငံတကာက သဘောကျနေ

မြန်မာနိုင်ငံက နယ်မြို့များမှာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်ရေးအတွက် ကုန်စိမ်း ဈေးခင်းပုံများကို နိုင်ငံတကာ အင်တာနက် အသုံးပြုသူများက သဘောကျနေကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ကိုဗစ် ကာကွယ်ရေး ...

Jain Weraphong ဆိုတဲ့ Facebook အကောင့်က တင်ထားတဲ့ ဓာတ်ပုံတွေကို မျှဝေသူတွေ များခဲ့ပြီး အပြုသဘောဆန်တဲ့ မှတ်ချက်များ ပေးခဲ့ကြပါတယ်။ ဓာတ်ပုံဟာ ရှမ်းပြည်နယ်၊ ကလောမြို့က ဈေးတခုကို လမ်းမပေါ်မှာ အကွက်ချပြီး ခင်းထားတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ခင်းထားတာလည်း ဖြစ်ပါတယ်။

အဲဒီဈေးခင်းပုံဟာ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတဦးထံကနေ စတင် ပြန့်ပွားခဲ့တာ ဖြစ်ပြီး နိုင်ငံရဲ့ နယ်မြို့တော်တော်များများမှာ အဲဒီလို ဈေးခင်းပုံကို လိုက်လံ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Image may contain: outdoor

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှု ဒုတိယအနည်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး နံပါတ် ၁ နေရာမှာတော့ လာအိုနိုင်ငံ ရှိနေပါတယ်။

Image may contain: sky and outdoor

ဧရာဝတီ

Facebook Comments

Burmese Online News