အိမ်အကူအား အက်စစ်ဖြင့်ပက်သည့် မင်းရာဇာအမှု မေလ ၈ ရက်တွင် စတင်စစ်ဆေးမည်

အိမ်အကူမလေးအား အက်စစ်ဖြင့်ပက်ခဲ့သည့်ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာအမှုမှ ပြစ်မှုကျူးလွန်သူလေးဦးအား မေလ ၈ရက်နေ့တွင် အရှေပိုင်းခရိုင်တရားရုံးတွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအမှုအားလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေနဦးရောဘတ်စန်းအောင်မှ ပြောသည်။

Image may contain: 1 person, standing

“အရှေပိုင်းခရိုင်တရားရုံးမှာ စစ်မှာပါ မေလ ၈ရက်နေ့လောက်စ စစ်ဖြစ်မယ်”ဟု ၄င်းကပြောသည်။ အိမ်အကူမလေးအား အက်စစ်ဖြင့်ပက်ပြီး ဦးခေါင်းအား တူဖြင့်ထုခဲ့သူ မင်းရာဇာ၊မဖူးငုံပွင့်၊ဦးမောင်မောင်အေးတို့အား ဧပြီလ ၇ရက်က မီခင်ဖြစ်သူမှ ရွှေပေါက်ကံရဲစခန်းတွင်(ပ)အမှတ် ၅၀၅ ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ဦးလေးဖြစ်သူ ကိုအောင်ကပြောသည်။

Image may contain: 1 person

မိခင်ဖြစ်သူအမှုဖွင့် အိမ်အကူမိန်းခလေး မြောက်ဥက္ကာလာပဆေးရုံတွင် ဆေးရုံတင်ထားစဉ် ယောက်ခမဖြစ်သူအား ဧပြီလ ၈ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ဖွင့်လှစ်ထားသောပုဒ်မများဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ရွှေပေါက်ကံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Armed group captures Myanmar actor accused of rape, acid attack on ...

ထွက်ပြေးတိမ်းရှောင်နေသော မင်းရာဇာ၊မဖူးငုံပွင့်၊မန်နေဂျာ ရခိုင်လေးတို့အား ဧပြီလ ၉ရက်နေ့ ညပိုင်းတွင် DKBA အမှတ် ၉၁၀တပ်ရင်းမှ ဖမ်းဆီရမိခဲ့ပြီး ဧပြီလ ၁၀ရက်နေ့တွင် တာမွေရဲစခန်းသို့ လွဲပြောင်းပေးခဲ့ကြောင်း DKBAမြဝတီဆက်ဆံရေးရုံးမှ ဒုတိယဗိုလ်မှုးကြီးစောကျော်သန်းဌေးက ပြောသည်။

Palik Tlaih Le Thong Tlak Lai Ttih Ah A Zaammi Actor Min Yar Zar ...

အိမ်အကူမလေးမှာ မြောက်ဥက္ကာလာပဆေးရုံကြီးတွင် လက်ရှိအခြေအနေထိ ဆေးကုသမှုခံယူနေပြီး ဧပြီလ ၂၁ရက်နေ့တွင် မှုခင်းဆရာဝန်များနင့်တွေ့ဆုံကာ ရရှိသောဒဏ်ရာများကို ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း ဦးလေးဖြစ်သူကိုအောင်ကပြောသည်။

သရုပ်ဆောင်မင်းရာဇာနှင့်ဇနီးဖြစ်သူ ...

မင်းရာဇာအမှုမှ အိမ်အကူကောင်မလေးအား ဧပြီလ ၂၁ရက်နေ့တွင် မှုခင်းဆရာဝန်များမှ စစ်ဆေးကာ.ဓာတ်မှန်များရိုက်၍ ဆေးရုံမှဆင်းရမည့်နေ့ရက်ကိုမူ အတိအကျမသိသေးကြောင်း ဦးလေးဖြစ်သူကိုအောင်မှ ပြောသည်။ ပြစ်မှုကျူးလွန်းသူ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊မဖူးငုံပွင့်၊ဦးမောင်မောင်အေး၊ကိုရခိုင်လေးတို့အား ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄၊၃၇၆တို့ဖြင့် ရွှေပေါက်ကံရဲစခန်းနှင့်တာမွှေရဲစခန်းတို့တွင် ဖမ်းဆီအရေးယူဆောင်ရွက်ထားပြီ မေလ ၈ရက်နေ့တွင် အရှေပိုင်းခရိုင်တရားရုံးတွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအမှုကိုလိုက်ပါဆောင်ရွက်သူတရားလွှတ်တော်ရှေနေဦးရောဘတ်စန်းအောင်က ပြောသည်။

The Voice

Facebook Comments

Burmese Online News