နေပြန်ကောင်းသွားသည့် Coronavirus လူနာများတွင် ရက် ၇၀ ကြာပြီးမှ Positive ပြန်ဖြစ်နေ

တရုတ်နိုင်ငံက နေပြန်ကောင်းလာတဲ့ Coronavirus လူနာတွေမှာ ရက်ပေါင်း ၇၀ ကြာပြီးမှ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုး Positive ပြန်ဖြစ်နေတာကြောင့် ဆရာဝန်တွေအတွက် စဉ်းစားလို့ မရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ COVID-19 ကပ်ရောဂါစတင်ခဲ့ရာဝူဟန်မြို့က ဆရာဝန်တွေက ဆေးရုံကဆင်းသွားပြီးတဲ့လူနာတွေမှာ ရောဂါပိုးပြန်တွေ့ရတာဟာ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။

Image may contain: one or more people and people standing

ဝူဟန်မြို့ Zhongnan ဆေးရုံရဲ့ဒုဥက္ကဌ Yuan Yufeng က “SARS ရောဂါတုန်းကတောင် ဒီလိုဖြစ်ရပ် မျိုးတွေ မတွေ့ခဲ့ရပါဘူး။ အခုအခြေအနေအရဆိုရင် လူနာတွေမှာ Antibody ရှိသွားရင်တောင် ရောဂါ ပိုးထပ်မကူးစက်ခံရတော့ဘူးလို့ အာမခံလို့မရပါဘူး။ တချို့ Antibody မြင့်တဲ့လူနာ တွေမှာ တောင် Nucleic Acid Test စစ်ဆေးမှုအရ Positive ပြန်ဖြစ်နိုင်သေးတာကို မြင်တွေ့ရပါ တယ်” လို့ ဆိုခဲ့ ပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Guo Yanhong ကလည်း “Coronavirus အသစ်ဟာ ရောဂါပိုးအသစ်ပါ။ ဒီရောဂါနဲ့ပတ်သက်လို့ သိတာထက် မသိတာတွေက ပိုများနေပါသေးတယ်” လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ Coronavirus လူနာတွေကို Nucleic Acid Test နှစ်ကြိမ်စစ်ဆေးပြီး ရောဂါလက္ခဏာ တွေလုံးဝပျောက်သွားမှ ဆေးရုံက ဆင်းခွင့်ပေးတာဖြစ်ပါတယ်။

Image may contain: 1 person, standing, outdoor and closeup

ရောဂါကူးစက်ခံထားရသူတွေအတွက် မျှော်လင့်ချက်ဆိုတာ မရေရာဘဲ COVID-19 ဟာ ကူးစက်ပြန့် ပွားမြန်တဲ့ကပ်ရောဂါဖြစ်နေပေမယ့် နိုင်ငံအများစုမှာတော့ Lockdown တွေကို အဆုံးသတ်ပြီး စီးပွား ရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့လုပ်ဆောင်နေကြပါပြီ။

တောင်ကိုရီးယားနိုင်ငံမှာ တစ်လ သို့မဟုတ် တစ်လကျော်ကြာပြီးမှ ရောဂါပိုးစစ်ဆေးမှုမှာ Positive ပြတဲ့လူနာ ၁၀၀၀ လောက်ရှိနေပါတယ်။ ကိုရီးယားရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစင်တာရဲ့ဒါရိုက် တာ Jeong Eun Kyeong ကလည်း ရောဂါပိုးမရှိတော့ဘူးလို့သတ်မှတ်လိုက်တဲ့လူနာတွေမှာ ရောဂါပိုးက ပြန်လည်သက်ဝင်လှုပ်ရှားတဲ့ဖြစ်ရပ်မျိုးတွေ မြင်တွေ့နေရပါတယ်လို့ ဆိုခဲ့ပါတယ်။

No photo description available.

ကပ်ရောဂါဒဏ်ကိုအဆိုးရွားဆုံးခံစားခဲ့ရတဲ့ ပထမဆုံးဥရောပနိုင်ငံဖြစ်တဲ့အီတလီမှာလည်း တစ်လ လောက်ကြာမှာ ရောဂါပိုး Positive ပြတဲ့လူနာတွေရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုခဲ့ ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နေကောင်းပြီးမှ Positive ပြန်ဖြစ်တဲ့လူနာတွေနဲ့ပတ်သက်ပြီး စစ်ဆေးမှုလုပ်ဆောင်နေတယ်လို့ ဆိုထားကြောင်း သိရပါတယ်။

Facebook Comments

Burmese Online News