အမေရိကန်က ရန်ပုံငွေ ရပ်ဆိုင်းလိုက်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ နောက်ထပ် ဒေါ်လာသန်း ၃၀ ထည့်ဝင်မည်ဟု တရုတ် ပြောဆို

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အထောက်အကူပြုဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းသွားမယ်လို့ တရုတ်အစိုးရက ကြာသပတေးနေ့ (ဧပြီ ၂၃ ရက်) မှာ ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်သို့  ထည့်ဝင်နေတဲ့ ရန်ပုံငွေကို ရပ်ဆိုင်းကြောင်း အမေရိကန်အစိုးရက ပြောဆိုအပြီး ရက်ပိုင်းအကြာမှာ တရုတ်က အခုလို ကြေညာလာတာဖြစ်ပါတယ်။

Coronavirus pandemic is accelerating as cases eclipse 350,000, WHO ...

အမေရိကန်က ရန်ပုံငွေ ရပ်ဆိုင်းလိုက်ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ နောက်ထပ် ဒေါ်လာ သန်း ၃၀ ထည့်ဝင်မည်ဟု တရုတ် ပြောဆို
ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျန်းမာရေးစနစ်တွေ အားကောင်းစေရေး အထောက်အကူဖြစ်ဖို့ အတွက် WHO သို့ ယခင် လှူဒါန်းထားတဲ့ ကန်ဒေါ်လာ သန်း ၂၀ အပြင် နောက်ထပ် ငွေသား ဒေါ်လာ သန်း ၃၀ ထပ်မံဖြည့်စွက်လှူဒါန်းဖို့ တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ပါကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Genh Shuang က ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂအေဂျင်စီသို့  တရုတ်နိုင်ငံရဲ့ ထည့်ဝင်လှူဒါန်းမှုဟာ WHO အပေါ်တရုတ်အစိုးရနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှုကို ထင်ဟပ်စေကြောင်းလည်း ၄င်းက ပြောဆိုခဲ့ပါတယ်။

President of the People's Republic of China - Wikipedia

WHO ရဲ့ ပမာဏအများဆုံး ငွေကြေးထည့်ဝင်နိုင်ငံဖြစ်တဲ့ အမေရိကန်က COVID-19 အကျပ်အတည်းမှာ WHO ဟာ စီမံခန့် ခွဲမှုလွဲချော်ခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က စွပ်စွဲခဲ့ပါတယ်။ ကမ္ဘာသို့  ကူးစက်ပျံ့နှံ့မှုမဖြစ်ခင် တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားနေမှုရဲ့ အန္တရာယ်ကြီးပုံကို WHO က ဖုံးကွယ်ထားခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ကစွပ်စွဲခဲ့ပြီး ရန်ပုံငွေ ထည့်ဝင်မှုကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

Questions linger amid China's diplomatic push in virus fight ...

#အကုန်သိ

Facebook Comments

Burmese Online News