၂၀၂၀ ခုနှစ်အတွင်းခရီးသွားကဏ္ဍအတွက်မျှော်လင့်စရာမရှိတော့ဟု ခရီးသွားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌပြော

Covid-19 ကြောင့် ၂၀၂၀ ခုနှစ်အတွင်း ခရီးသွားကဏ္ဍမှာထိခိုက်သွားပြီး မျှော်လင့်စရာမရှိတော့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။ပြည်တွင်း၌ Covid-19 ကူးစက်သူဦးရေတိုးလာခြင်းကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များအပါအဝင် အခြားပြည်တွင်းလေဆိပ်များတွင် ပြည်ပလေကြောင်းလိုင်းများဆင်းသက်ခွင့်မပြုတော့သောကြောင့် ခရီးသည်အဝင်/အထွက် လုံးဝမရှိတော့သည့်အပြင် လေကြောင်းလိုင်းများရပ်တန့်ထားကြောင်း သိရသည်။

Image may contain: 1 person, sitting and indoor

“လေကြောင်းလိုင်းတွေက ရပ်တန့်သွားတော့ ဇွန်လအထိလုံးဝလည်ပတ်ဖို့ မရှိတော့ဘူး။ လုံးဝသုညဖြစ်သွားပြီး နလန်ထူစရာမရှိတော့ဘူး။ ကိုယ်တွေဆီမှာထိန်းချုပ်နိုင်ခဲ့ရင်တောင် တခြားနိုင်ငံတွေမှာဖြစ်နေသေးတယ်။ ဒီတစ်နှစ်လုံးကတော့ ခရီးသွားကဏ္ဍကထိခိုက်သွားပြီ။ သိပ်ပြီးမျှော်လင့်စရာမရှိတော့ဘူး။ လာမယ့်နှစ်မှာ ဆိုရင်တော့ အဓိကဈေးကွက်ကိုရှာပြီးတော့ ခရီးသွားကဏ္ဍပြန်ပြီးဦးမော့နိုင်အောင်ထိုးဖောက်ရမှာ”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

Image may contain: sky, cloud and outdoor

Covid-19 ကြောင့်ထိခိုက်မှုများတွင်တစ်ခုအပါအဝင်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍကိုပြန်လည်ကုစားနိုင်ရန် ချေးငွေများလျှောက်လွှာတင်ခိုင်းရာ ခရီးသွားကုမ္ပဏီနှင့် ဟိုတယ်လုပ်ငန်းစုစုပေါင်း ၆၀၀ ဝန်းကျင် လျှောက်ထားမှုရှိပြီး ပထမအသုတ်ချေးချပေးမှုစာရင်းတွင် ခရီးသွားကုမ္ပဏီ ၂၀ ကျော်ပါဝင်ကြောင်း သိရသည်။၂၀၁၉ ခုနှစ်တွင် ပြည်တွင်းသို့လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဦးရေ ၄ ဒသမ ၃ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခရီးသည် ၅ သန်းမျှော်မှန်းထားခဲ့ကြောင်း သိရသည်။

#အကုန်သိ

Facebook Comments

Burmese Online News