လူနာ နံပါတ်(၁၃၈)က Park Royal ကနိုင်ငံခြားသားဝန်ထမ်းတစ်ဦးဖြစ်

ဒီနေ့ ထပ်တိုးလူနာ (၇)ဦးထဲက လူနာနံပါတ်(၁၃၈)က ဒဂုံမြို့နယ်ရှိ Park Royal က ဟိုတယ် ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် ဒီနေ့မှာပဲ ဟိုတယ်ကို Lock Down လုပ်လိုက်ပြီလို့ ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ထွန်းကပြောပါတယ်။

Park Royal Yangon – Tour Mandalay

အဆိုပါလူနာ (၁၃၈)က အသက်(၅၃)နှစ်အရွယ် အမျိုးသားဖြစ်ပြီး အတည်ပြုလူနာ (၉၃)နဲ့ ထိတွေ့မှုရှိထားတာကြောင့် ဟိုတယ်တစ်ခုမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရစဉ်မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ “ အခုတော့ တာဝန်ရှိသူတွေအားလုံးဟိုတယ်ကို Lock Down လုပ်ပြီး လိုအပ်တာတွေစစ်ဆေးနေတယ်။ အခုလူနာက ဟိုတယ်က နိုင်ငံခြားသားဝန်ထမ်းလို့ပြောတယ်။ ဘယ်နိုင်ငံလဲဆိုတာလည်း သေချာတော့မသိရသေးဘူး။ သူနဲ့ ထိတွေ့ခဲ့သူစာရင်းတွေကိုလည်း အခုလိုက်လံစစ်ဆေးကောက်ယူနေတယ်” လို့ ဦးတင်မောင်ထွန်းကပြောပါတယ်။

Park Royal Hotel | Selective Asia

ဒီနေ့ ထပ်မံတွေ့ရှိတဲ့ လူနာ(၇)ဦးမှာ Pan Pacific ဟိုတယ်က ဝန်ထမ်းလေးဦးနဲ့ အခု လူနာနံပါတ်(၁၃၈) Park Royal က ဝန်ထမ်းတစ်ဦးတို့ပါဝင်ပါတယ်။ Pan Pacific ဟိုတယ်ကို တော့ ကနဦးဟိုတယ်ဝန်ထမ်း လူနာနံပါတ်(၇၉)စတွေ့ခဲ့စဉ်ကတည်းက lock down လုပ်ထားတာဖြစ်ပြီး Park Royal ဟိုတယ်ကိုတော့ ဒီနေ့မှာ lock down လုပ်ခဲ့တာပါ။

Park Royal ဟိုတယ်က လူနာဝန်ထမ်းနဲ့ ထိတွေခဲ့သူ ဝန်ထမ်းတွေအပါအဝင် ဧည့်သည်တွေကိုပါ Quarantine လုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၃၉)ဦးထိရှိနေပြီး သေဆုံးသူ (၅)ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ (၉)ဦးထိရှိနေပါတယ်။

Park Royal Hotel - Great Golden Empire Travels & Tours

#Duwun

Facebook Comments

Burmese Online News