ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် နေရာတစ်ခုထပ်တိုး

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးရန်နေရာမှာ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(NHL) တစ်ခုသာရှိရာမှ ယခုအခါ ဆေးသုတေသနဦးစီးဌာနတွင်လည်း စစ်ဆေးနိုင်ပြီဖြစ်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သိန်းနိုင်စိုးကပြောသည်။

Image may contain: house, sky and outdoor

အဆိုပါ ဆေးသုတေသနဦးစီးဌာနတွင် ဧပြီ ၂၃ ရက်မှ စတင်ကာ စစ်ဆေးပေးနေပြီး နေ့စဉ် တစ်ရာဝန်းကျင်ကို စတင်စစ်ဆေးနိုင်ပြီဖြစ်ကာ ဧပြီ ၂၄ ရက်တွင် စစ်ဆေးမှုရလဒ်များကိုလည်း ထုတ်ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။ “NHLကေတာ့ သုံးရာကေန လေးရာကြားစစ်နိုင်တယ်။ဆေးသုကတော့ ကိုးဆယ္ကေန တစ်ရာကြားစစ်နိုင်ပါတယ်။မနေ့ကစပြီးစစ်တယ်”ဟု ဒေါက်တာသိန်းနိုင်စိုးကပြောသည်။

Image may contain: sky, cloud and outdoor

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓါတ္ခြဲနမူနာ ၁၃၀၀ကျော်ကိုစစ်ဆေးနိုင်သည့် စက္ကို AA Medical Product Limited မှလှူဒါန်းထားပြီး ဧပြီ ၂၁ရက်နေ့တွင် မြဝတီမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့သယ်ဆောင်ကာ စတင်တပ်ဆင်နေပြီဖြစ်ကြောင်း ဒေါက်တာ သိန်းနိုင်စိုးက ထပ်လောင်းပြောကြားသည်။

Image may contain: one or more people and indoor

၎င်းစက်သည် နိုင်ငံတကာ တပ်ဆင်သည့်ပုံစံ အရ တပ်ဆင်ချိန် သုံးပတ်ခန့်ကြာမြင့်သော်လည်း မြန်မာနိုင်ငံအတွက် ငါးရက်အတွင်းအပြီးတပ်ဆင်ပေးမည်ဖြစ်ရာ ၎င်းစက်တပ်ဆင်ပြီးစီးပါက မြန်မာနိုင်ငံတွင် နေရာသုံးနေရာ၌ ဓါတ်ခွဲနမူပေါင်း ၁၈၀၀ကျော်ကို ၂၄နာရီအတွင်းစစ်ဆေးနိုင်မည်ဖြစ်သည်။ ယမန်နေ့က ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးခဲ့သော ဓါတ်ခွဲနမူနာများအနက် ၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာများအဖြစ်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Image may contain: one or more people and indoor

#ဒဗွိုက်စ်

Facebook Comments

Burmese Online News