ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးပိတ်လိုက်သဖြင့် ဈေးသူဈေးသားများနှင့် စည်ပင်အငြင်းပွားမှုဖြစ်

ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှာ COVID-19 ကူးစက်ခံရနိုင်တာကြောင့် စည်ပင်ကဈေးရောင်းခွင့်ပိတ်ပင်တဲ့အတွက် ဈေးသူ ဈေးသားတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ဧပြီ ၂၄ရက်နေ့ မနက်ပိုင်းကစပြီး အငြင်းပွားမှု ဖြစ်နေပါတယ်။ ဗဟိုစံပြငါးဈေးက ဈေးသည်တွေကို ရွှေပိတောက်ဈေးကိုပြောင်းရွှေ့ရောင်းချဖို့ စည်ပင်က အမိန့်ထုတ်ထားတာပါ။ ဗဟိုစံပြငါးဈေးဝင်းကိုလည်း ကျန်းမာရေးအတွက်ပိတ်လိုက်တယ်လို့ ဈေးသူဈေးသားတွေကပြောပါတယ်။

93670629_3063995026991302_5812295872066617344_n

ဈေးသူဈေးသားတွေကို ဈေးရောင်းခွင့်မပေးတော့ပေမယ့် စံပြငါးဈေးဝင်းထဲမှာ စည်ပင်က ကားပါကင်အနေနဲ့ တစ်စီးကို ငွေကျပ် ၂၀၀၀ နှုန်းနဲ့ ကောက်ခံပြီး ယာဉ်တွေကို ရပ်နားခွင့်ပြုထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

93822166_3063994893657982_2289646331058192384_n

ဗဟိုစံပြငါးဈေးက ဈေးသည် ဒေါ်သီသီမိုးက “ ကျမတို့ကိုတော့ဈေးရောင်းခွင့်မပြုတော့ပါဘူး။ ရွှေပိတောက်ဈေးကို ပြောင်းပြီးရောင်းဖို့ပြောပါတယ်။ နေရာလည်းမစီစဉ်ပေးပါဘူး။ ရွှေပိတောက်ဈေးမှာ နေရာ တစ်နေရာကို ငါးသောင်း၊ ခြောက်သောင်းပေးပြီး နေရာ ရောင်းစားနေပါတယ်။ ကျမတို့ကို ဈေးရောင်းခွင့်သာမပေးတာ စံပြငါးဈေးမှာ စည်ပင်က ပါကင်ဖွင့်ပြီး ပိုက်ဆံကောက်နေပါတယ်။ တစ်စီးကို နှစ်ထောင်ကျပ်နှုန်းနဲ့ပါ” လို့ ပြောပါတယ်။

93875349_3063995330324605_7376757732772151296_n

COVID-19 ကာလအတွင်းအခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးဟာ စိန်ခေါ်မှုဖြစ်နေတာပါ။ လက်လုပ် လက်စားတွေကတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အတွက် အလုပ်ကို မဖြစ်မနေလုပ်ရမှာဖြစ်တယ်လို့ စံပြငါးဈေးက ဈေးသည်တွေကပြောပါတယ်။

93880123_3063994556991349_8576998614360915968_n

ဒီဗွီဘီ

Facebook Comments

Burmese Online News