ကချင်ပြည်နယ်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ပေါင်း ၁၄၄ ဦးအထိရှိလာ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ COVID-19 ရောဂါကူးစက်ခံရတဲ့ လူနာသစ် တဦးတွေ့ရှိပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၁၄၄ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက် ည ၁၁ နာရီမှာ ထုတ်ပြန်ပါတယ်။ အဆိုပါအတည်ပြုလူနာ အမှတ် ၁၄၄ ဟာ မိုးညှင်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တာမရှိပေမဲ့ ပြည်ပကိုခရီးသွားခဲ့ဖူးသူဖြစ်ပါတယ်။

အဆိုပါလူနာကို မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိစဉ် ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာ COVID-19 ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နဲ့ ဆေးသုတေသန ဦးစီးဌာန (DMR) တို့က ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၃၅၀ ခုပြုလုပ်ခဲ့ရာမှာ ၅ ဦး ရောဂါ တွေ့ရှိရတာဖြစ်ပြီး ကျန်သူတွေကတော့ ရောဂါပိုးမတွေ့ရှိပါဘူး။

မိုးညှင်းမြို့နယ်အတွက် အရေးကြီး ...

ဒီကနေ့ညအသစ်ထုတ်ပြန်ထားတဲ့ တခြားလူနာသစ် ၄ ဦးကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦး၊ အင်းစိန်မြို့နယ်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ မူဆယ်မြို့နယ်က အသက် ၈၇ နှစ်အရွယ် အမျိုးသမီး တဦးတို့ ဖြစ်ကြပါတယ်။ ဧပြီ ၂၄ ရက် ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ပြန်ကောင်းလာသူ ၉ ဦး ရှိသွားပြီဖြစ်ပါတယ်။

Myanmar reports first coronavirus death as case numbers rise

#DVB

Facebook Comments

Burmese Online News