Quarantine ဝင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦး သားယောက်ကျားလေး အောင်မြင်စွာမွေးဖွား

24.4.2020 နံနက်(9:30)ခန့်က ပြည်တော်ပြန်များအား ၊ (၂၁)ရက် Quarantine ပြုလုပ် စောင့်ကြည့် အဖြစ်ထားရှိသည့် မော်လမြိုင် တက္ကသိုလ် သံလွင်ဆောင်-၂ မှ မုဒုံမြို့နယ် နှီးပဒေါရွာမှ (၂၇)နှစ် အရွယ် ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦး ရုတ်တရတ် ကလေးမွေးချင် လာ၍ ဗိုက်နာ လာသဖြင့် မ်ာလမြိုင် RESCUE လူမှု ကယ်ဆယ်ရေး အဖွဲ့မှ ကလေးဆေးရုံ (အမေရိကန်ဆေးရုံ) Hospital Quarantine အဆောင်သို့ အရေးပေါ် ပို့ဆောင် ကူညီပေးခဲ့ပါသည်။

အသက်(၂၇)နှစ် အရွယ် မုဒုံမြို့ နှီးပဒေါကျေးရွာနေ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ (17.4.2020)ရက်နေ့တွင် Swab ယူပြီး ဓါတ်ခွဲပေးပို့ စစ်ဆေးထားရာ Result မှာ Negative ဖြစ်ပါသည်။ နံနက် (၁၀)နာရီခန့်မှာ မွေးပြီးဗျို့ … ယောင်္ကျားလေးတဲ့ …ကိုယ့်မိသားစုလို သဘောထား စောင့်ပေးပြီး ကူညီခဲ့ပါတယ်။

PPE ဝတ်စုံထဲက အပူတွေထက် ကျွန်တော်တို့ အဖွဲ့သားတွေရဲ့ ရင်ထဲက အပူကေ တာင် ပိုကြီးပါတယ်။ အောင်အောင်ြ မင်မြင်လေး မွေးဖွားခဲ့ေ တာ့လဲ ပျော်ရွှင်ရတာပေါ့ဗျာ။

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့

Facebook Comments

Burmese Online News