ချစ်သူသက်တမ်း(၁၁)နှစ်ကြာ လက်တွဲလာတဲ့ချစ်သူလေးနဲ့ ဒီနေ့မှာပဲလက်ထပ်လိုက်ပြီဖြစ်တဲ့ နေဝင်

ပရိသတ်ကြီးရေ နေဝင်းတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက်ကူညီပြီး အရမ်းချစ်ကြလို့ ပရိသတ်တွေအားကျနေရတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။နေဝင်းကတော့ ချစ်သူအိမ့်ချစ်ချောကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့က Surprise လုပ်ပြီး စင်ပေါ်မှာ လက်ထပ်ခွင့်တောင်းတာပဲဖြစ်ပါတယ်။

နေဝင်းတို့စုံတွဲလေးကတော့ အခုဧပြီလ မှာမင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားပေမဲ့ Covid – 19 ရောဂါကြောင့်မင်္ဂလာပွဲကို နောက်ဆုတ်ခဲ့တာပဲဖြစ်ပါတယ်။ လူစုလူဝေးမလုပ်ရတဲ့အတွက် ဧပြီလ၂၅ ရက်နေ့မှာ ဧည့်သည်တွေမပါဘဲလက်မှတ်ထိုးပြီး ဘုန်းကြီးဆွမ်းကပ်တာမျိုးပဲ ပြုလုပ်မယ်ဆိုတဲ့အကြောင်း အိမ့်ချစ်ချောရဲ့ လူမှုကွန်ရက်ကနေ အသိပေးပြောကြားခဲ့ပါတယ်။

ဒီနေ့ ဧပြီလ၂၅ ရက်နေ့မှာတော့ သူတို့ချစ်သူနှစ်ဦး လက်ထပ်လိုက်ပြီဖြစ်ဖြစ်ကြောင်းကို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Relationship ချိတ်တင်လာခဲ့တာပဲဖြစ်ပါတယ်..။ချစ်သူသက်တမ်း(၁၁)ကြာ လက်တွဲလာခဲ့တဲ့ နေဝင်းတို့ ချစ်သူနှစ်ဦးကတော့ ဒီနေ့မှာတရားဝင် လက်ထပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း နေဝင်းတို့နှစ်ယောက်အတွက် ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါအုံးနော်။

#Celegabar

Facebook Comments

Burmese Online News