COVID-19 အ‌ခြေအနေတည်ငြိမ်မှသာ အခြေခံပညာကျောင်း ဖွင့်မည်

မေလအတွင်း COVID-19 ရောဂါ အခြေအနေတည်ငြိမ်မှသာလျှင်ဇွန်လ ၁ရက်တွင် အခြေခံပညာကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ ...

ပြည်တွင်း၌ရောဂါအခြေအနေဆက်ရှိနေပါက ကျောင်းဖွင့်မည့်ရက်မှာ နောက်ကျဖွယ်ရှိပြီး ဇွန်လအတွင်း ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း မီဒီယာအချို့ဖော်ပြမှုမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများက COVID-19 ရောဂါထိန်းချုပ်ရန် ညွှန်ကြားထားသဖြင့် ကျောင်းဖွင့်မည့် ကိစ္စမှာလည်း ပညာရေးဝန်ကြီး ဌာနတစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်၍မရဘဲ နိုင်ငံတော်အကြီးအကဲများက ညွှန်ကြားမှသာ ကျောင်းဖွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသမတည်ငြိမ်မှုကြောင့် နယ်မြေ ...

“အခြေအနေပြန်ကောင်းလာရင် ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ရင်ဖွင့်မယ်။အခြေအနေမကောင်းဘူးဆိုရင် ကျောင်းဖွင့်တာ နောက်ကျသွားနိုင်တယ်။ခုချိန်မှာ အတိအကျပြောလို့မရဘူး။ ရောဂါထိန်းချုပ်လို့ရတဲ့ကာလ ရောက်မှပဲ ကျောင်းဖွင့်လို့ရမှာပေါ့။ ဇွန်လမှာကျောင်းမဖွင့်နိုင်ဘူးဆိုတာမျိုးတော့ အတိအကျကြီးတော့ မဟုတ်ဘူး’’ဟု ဦးကိုလေးဝင်းက ပြောသည်။ အရေးပေါ်ကာလအတွင်း COVID- 19 ထိန်းချုပ်ရေးကော်မတီညွှန်ကြားချက်များအတိုင်းသာ ဆောင်ရွက်နေရကြောင်း၊ ဝန်ကြီးဌာနတစ်ခုတည်း၏သဘောဖြင့် လုပ်ကိုင်၍မရကြောင်း ၎င်းက ပြောသည်။

အခြေခံပညာအဆင့် ကျောင်းသားကျောင်း ...

နှစ်စဉ် ဇွန်လ၁ရက်တွင်ပုံမှန်ကျောင်းဖွင့်ရက်အဖြစ်သတ်မှတ်ထားပြီး ကျောင်းဖွင့်ရက်နောက်ကျပါက ကျောင်းပိတ်ရက်လည်း နောက်ကျမည်ဟု ဦးကိုလေးဝင်းက ပြောသည်။ ဇွန်၁ရက်မှ မတ် ၃၁ရက်အထိ တရားဝင်ကျောင်းတက်ရက်များအဖြစ် သတ်မှတ်ထားပြီး ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် အဆိုပါရက်များအတိုင်းကျောင်းတက်ရမည်ဟု ပညာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။ ယင်းညွှန်ကြားချက်အပေါ် ပညာရေးတက္ကသိုလ်ကျောင်းသားများနှင့်ဆရာ၊ဆရာမများက တစ်လအကြာ ဆန္ဒပြကန့် ကွက်ခဲ့သည်။

အိမ်မက်ထဲက ကျောင်း

ထို့နောက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက မတ်လအထိ ကျောင်းတက်ရက်ကိုပြန်လည်ပြင်ဆင်ပေးခဲ့ပြီး လာမည့်ပညာသင်နှစ်(၂၀၂၀-၂၀၂၁)မှ သာအကောင်ထည်ဖော်မည်ဟု ပြောကြားထား သည်။ စာသင်ရက်တိုးမြှင့်သဖြင့် သင်ရိုးသစ်ပြောင်းလဲထားသော အတန်းများတွင် အဆင်ပြေပြီး သင်ရိုးဟောင်း အတန်းများတွင် ၈လနှင့် သင်ခန်းစာများပြီးပြတ်နေ၍ သင်စရာ စာမရှိကြောင်း ဆရာ၊ဆရာမအချို့က ပြောသည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News