COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ

၁။ (၂၇-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများအားလုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။ (လူနာသစ် မရှိပါ)

Image may contain: text

၂။ သို့ဖြစ်ပါ၍ (၂၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၆) ဦး တွေ့ရှိခဲ့ပြီဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၁၀)ဦး နှင့် သေဆုံးလူနာ (၅)ဦး ရှိပါသည်။

၃။ (၂၆-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို –

• ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၄၈) ခုအား (၁) သုတ်ဖြင့် လည်းကောင်း၊

No photo description available.

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၉၉) ခုအား (၂) သုတ်ခွဲ၍ လည်းကောင်း

စစ်ဆေးခဲ့ခြင်းဖြစ်ကာ ယနေ့၊ နံနက်အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှု ပြီးစီးခဲ့ပြီး ဓာတ်ခွဲနမူနာအားလုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

Ministry of Health And Sports

Facebook Comments

Burmese Online News