ရခိုင်ပြည်နယ် အမ်းမြို့နယ်နေ အမျိုးသမီး ရန်ကုန်ဗဟန်းမြို့နယ်တိုက်ခန်း၌ အသတ်ခံရမှုဖြစ်ပွား

အဆောင်နေတိုင်းရင်းသူတစ်ဦး ဗဟန်းမြို့နယ်ရှိ တိုက်ခန်း၌အသတ်ခံရမှုဖြစ်စဉ်တစ်ခုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တိုက်ခန်း၌အဆောင်နေ မမိုင်အေးအေးသိန်း(၃၂)နှစ်ဆိုသူမှာ ဧပြီလ ၂၃ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးရာ သတ်ဖြတ်ခံရသည့်လက္ခဏာများတွေ့ရှိသဖြင့် လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ...

သေဆုံးသူ မမိုင်အေးအေးသိန်း(၃၂)နှစ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရှုးကျေးရွာ၌ နေထိုင်ပြီး ဂျပန်နိုင်ငံသို့သွားရောက်ရန်အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိအခင်းဖြစ်အဆောင်၌ အဖော်တစ်ဦးနှင့်အတူငှားရန်းနေထိုင်ကာ သင်တန်းတက်ရောက်ရင်း ယခုလိုရုတ်တရက်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

No photo description available.

“အခင်းဖြစ်တိုက်ခန်းမှာ အဖော်အမျိုးသမီးတစ်ဦးနဲ့အတူ အဆောင်ငှားနေကြတာပါ။ သူ့ကိုယ်သူသတ်သေတာတော့မဟုတ်ဘူး။ညီအစ်ကိုမောင်နှမ ၄ ဦးရှိတယ်။ရန်ကုန်မှာ အလုပ်လုပ်နေတာတော့ ၆ နှစ်လောက်ရှိပြီတဲ့။ ရုတ်တရက်ကြီးအခုလိုအသတ်ခံလိုက်ရတဲ့အတွက် သူမရဲ့မိသားစုဝင်တွေရဲ့ ဆန္ဒနဲ့ ဇာတိဖြစ်တဲ့ အမ်းမြို့၊ ရှုးကျေးရွာကိုမနေ့ကပဲအလောင်းကို ပို့ပေးခဲ့ပြီးပါပြီ။ သူမက ဆုမ်းချင်း တိုင်းရင်းသူပါ” ဟု Chin Humanitarian Assistant Team (CHAT)အဖွဲ့ဝင်တစ်ဦးက အကုန်သိသတင်းဌာနသို့ ဧပြီလ ၂၆ ရက်တွင် ပြောသည်။

Image may contain: 1 person, eyeglasses and text

အဆိုပါ မမိုင်အေးအေးသိန်း(၃၂)နှစ် အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်းမြို့မရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်လှစ်ထားပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အကုန်သိ

Facebook Comments

Burmese Online News