ချန်ရီဖိနပ်စက်ရုံကလူနာအမှတ် ၁၄၄ နဲ့အနီးကပ်ထိတွေ့ခဲ့သူ ၈ ဦးမှာရောဂါပိုးမတွေ့

သူနဲ့ထိတွေ့ခဲ့တဲ့ အဆောင်နေသူနဲ့စက်ရုံဝန်ထမ်း(၁၀၀) ကျော်ကိုဓာတ်ခွဲနမူနာစစ်ဆေးထားပါတယ်။ ချန်ရီဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ လူနာအမှတ် ၁၄၄ ဟာ သူ့ရဲ့ အလုပ်ခန်းက စက်ရုံဝန်ထမ်းအချို့၊ သူနေတဲ့အဆောင်ခန်း (၁၇) မှာနေထိုင်တဲ့ သူအချို့က လွဲပြီး အခြားစက်ရုံအလုပ်သမားတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့လို့ Facility Quarantine မှာ စောင့်ကြည့်ခံနေရသူ (၈) ဦးမှာလည်း ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း၊ အဆောင်အခန်း (၁၇) က နေထိုင်သူ (၄၅) ဦး၊ စက်ရုံက နိုင်ငံခြားသားဝန်ထမ်း (၇၀) ဦးအပြင် အခြားအနီးကပ်ထိတွေ့ခဲ့သူတွေကို ဓာတ်ခွဲနမူနာရယူစစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ချန်ရီဖိနပ်စက်ရုံမှာ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားဝန်ထမ်း စုစုပေါင်း (၈၀၀၀) ခန့်ရှိပြီး ဧပြီလ ၁၀ ရက်ကနေ ၂၄ ရက်အနေ့ အထိ ယာယီပိတ်ထားခဲ့ရာကနေ ဧပြီလ ၂၅ ရက်မှာတော့ နေ့တစ်ဝက်ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ အဲဒီနေ့မှာတော့ အလုပ်သမား ၂၀၀၀ ခန့် အလုပ်တက်ခဲ့တယ်လို့လည်းသိရပါတယ်။

COVID-19 လူနာ Case-144 နှင့် အဆောင်အတူနေသူ ...

လူနာအမှတ် ၁၄၄ ဟာ အဆိုပါ စက်ရုံမှာ တရုတ်လူမျိုး စက်ပြင်ဆရာရဲ့ စကားပြန်အနေနဲ့ မတ်လ ၂ ရက်က စတင်အလုပ်ဝင်ခဲ့ပြီး ဧပြီလ ၁၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၄ ရက်မှာတော့ ဖျားနာ၊ ချောင်းဆိုးခံစားရလို့ စက်ရုံဆေးခန်းကိုသွားပြခဲ့ပြိး ဧပြီလ ၇ ရက်မှာလည်း ပုဂ္ဂိလကဆေးခန်းတစ်ခုကို သွားရောက်ပြသခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ဧပြီလ ၁၅ ရက်မှာတော့ ရန်ကုန်ကနေ မိုးညှင်းကို ကမာရွတ်မြို့နယ်မှာနေထိုင်သူရဲ့ ကားနဲ့ ၂ ဦးထဲ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု ရန်ကုန်စက် ...

ဧပြီလ ၁၆ ရက်မှာ မိုးညှင်းကိုရောက်ခဲ့ပြီး Facility Quarantine ဝင်ခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက်မှာတော့ ဖျားနာ၊ချောင်းးဆိုး၊အစားအသောက်ပျက်ခြင်းတွေ ကြုံတွေ့ခဲ့ရလို့ မိုးညှင်းဆေးရုံကို တက်ရောက်ကုသခဲ့ရာကနေ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာ ချန်ရီဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေကိုလည်း သူတို့နေထိုင်ရာ နေရာကို မပြန်ကြစေဘဲ သက်ဆိုင်ရာနေရာတွေမှာ Quarantine ဝင်ကြဖို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က တိုက်တွန်းချက်တစ်ခု ထုတ်ပြန်ထားပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News