COVID-19 ကြောင့် လူမစုရ တားမြစ်ထားတဲ့ ဟောင်ကောင်မှာ ရာချီ ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၄ ဦးထက် ပိုမစုရလို့ တားမြစ်ထားတဲ့ ဟောင်ကောင်မှာ ဈေးဝယ်စင်တာတခုထဲ လူအင်အား ၃၀၀ လောက်ရှိတဲ့ ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ သီချင်းဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ဒါကို လက်နက်နဲ့ ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ ဟောင်ကောင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက လူစုခွဲခဲ့တာပါ။ဆန္ဒပြသူ လူငယ်အများစုဟာ အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားကြပြီး ဈေးဝယ်စင်တာထဲမှာ “ဟောင်ကောင်လွတ်မြောက်ရေးဟာ ငါတို့ခေတ်ရဲ့ တော်လှန်ရေးပဲ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဟောင်ကောင် ဈေးဝယ်စင်တာတခုထဲတွင် ဆန္ဒပြနေသူများ။ (ဧပြီ ၂၆၊ ၂၀၂၀)

ကျန်တဲ့ ဆန္ဒပြသူတွေကတော့ တလောက ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။မတ်လကုန်ပိုင်း ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ပိုဆိုးလာချိန် လူမစုကြဖို့ ဟောင်ကောင်အစိုးရက တားမြစ်ခဲ့ပြီးနောက်ပိုင်း အခုလို လူစုလူဝေးနဲ့ ဆန္ဒပြကြတာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

Hong Kong protesters stage flash mob rallies

လူစုလူဝေး မလုပ်ရဆိုတဲ့ တင်းကျပ်မှုတွေ ဟောင်ကောင်မှာ စတင်ဖြေလျှော့လာပြီးနောက် အခုလိုလုပ်လာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပေါ် တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာမှာကို စိုးရိမ်နေကြပါတယ်။ဒီလို နိုင်ငံရေးတင်းမာမှု ဖြစ်လာရတာဟာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ပြီးခဲ့တဲ့ ၂ ပတ်ထဲမှာ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားသူ ၁၅ ဦးကို ဖမ်းဆီးခဲ့တာကြောင့် ဖြစ်ပါတယ်။

Hong Kong police storm mall after protesters smash rail station ...

ဟောင်ကောင်မြို့အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ဝင်ရောက် စွက်ဖက်မှု တိုးလာတဲ့အပေါ် ပိုစိုးရိမ်စရာ ဖြစ်လာနေပြီး ဟောင်ကောင်အနေနဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို တတ်နိုင်သမျှ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ပြည်မအစိုးရ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့အပတ်ထဲ တိုက်တွန်းခဲ့ပါတယ်။

ဗွီအိုအေ

Facebook Comments

Burmese Online News