ကုန်တင်ကားအလုံပိတ်ပြီး လိုက်ပါလာသူ ၇၀ ကျော်ကို ပုသိမ်မြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

ဧရာဝတီတိုင်းအတွင်း ရန်ကုန်ဘက်က ပုသိမ်ဘက်လာတဲ့ယာဉ်တွေ အစစ်ဆေးခံရတဲ့ ဂိတ်မှာ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ကုန်တင်ကားနောက်ပိုင်း အလုံပိတ်ပြီး လိုက်ပါလာတဲ့ လူ ၇၀ ကျော်ကို စစ်ဆေးရေးဂိတ်ကတာဝန်ရှိသူတွေက ဖမ်းမိခဲ့တာလို့ သိရပါတယ်။

Image may contain: sky and outdoor

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်အကိုင်ရှားပါးလို့ ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၇၀ ကျော်က ယာဉ်လိုင်းတွေ မရှိတော့လို့ ကုန်တင်ယာဉ် ၂ စီးကိုငှားပြီး ဧရာဝတီတိုင်းကို ပြန်လာစဉ် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေးက မဲဇလီစစ် ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တာလို့ မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Image may contain: one or more people, people standing and outdoor

“အားလုံးက ကျိုက်မရော မြို့နယ်ကပြန်လာတာပါ၊ ထောက်ခံစာတွေလည်းပါ ပါတယ်၊ ကားထဲမှာ ခုလို့ စုပြုံလိုက်လာတာမျိုးတော့ မဖြစ်သင့်ပါဘူး၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ညွှန်ကြားထားတာတွေရှိပါတယ်။ ခုတော့ သက်ဆိုင်ရာမြို့နယ်တွေကို ၅ ဦးစီးခွဲပြီး ခေါ်လာဖို့ ပြောထားပါတယ်” လို့ ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောပါတယ်။

Image may contain: one or more people, people standing, crowd, child and outdoor

မဲဇလီဂိတ်မှာ ဖမ်းမိခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ၇၀ ကျော်မှာ အများစုက အသက် ၃၀ ဝန်းကျင် ရှိ အမျိုးသား အမျိုးသမီးတွေဖြစ်ပြီး နို့စိုကလေးအရွယ်တွေလည်းပါဝင်ပါတယ်။ စစ်ဆေး ရေးဂိတ်က ကုန်ကား မိုကာအလုံအုပ်ထားတာကို မသင်္ကာလို့ စစ်ဆေးရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပြီး အားလုံးကတော့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ပြီး အလုပ်ပြီးလို့ ပြန်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ “ကျိုက်မရောဘက်မှာ အုတ်ဖုတ်တာသွားလုပ်ရတာပါ၊ အလုပ်ပြီးလို့ ပြန်ဖို့လုပ်တော့ ရောဂါ တွေဖြစ်လို့ ယာဉ်လိုင်းတွေမရှိတော့ဘူး၊ ထောက်ခံစာတွေတော့ပါတယ်၊ အဲ့တော့ အားလုံးစုပြီး ကုန်ကားကို ငှားပြီးလိုက်လာတာပါ” လို့ ကျောင်းကုန်းမြို့နယ်က ရွှေ့ပြောင်းအလုပ်သမား တဦးကပြောပါတယ်။

Image may contain: one or more people, people standing and outdoor

ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဧပြီ ဒုတိယပတ်က ခရီးသွားယာဉ်လိုင်းတွေ ပြေးဆွဲတာကို ဧပြီလကုန်ပိုင်းအထိ ပိတ်ထားဖို့နဲ့ ယခင် အိမ်စီးကားငယ်များနဲ့ ခရီးသွားလာမှုကို ၇ ဦး အထိ ခွင့်ပြုထားရာက ၅ ဦးအထိသာ ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။ ဧရာဝတီတိုင်းကို ပြန်လာတဲ့ရွှေ့ပြောင်းလုပ်သားတွေကို ကား ၂ စီးနဲ့ လူအများကြီးတင်ဆောင် မောင်းနှင်လာတဲ့ ကုန်ကားမောင်သူတွေကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမေးမြန်းချိန်မှာ သက်ဆိုင်ရာဌာနဆိုင်ရာတွေဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေက တိုင်းကညွှန်ကြားထားတာမရှိလို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်လည်ပြောဆိုတယ်လို့ အဆိုပါစစ်ဆေးဂိတ် ပူးပေါင်း အဖွဲ့ဝင်တွေထံက သိရပါတယ်။

Image may contain: 1 person, outdoor

ရွှေ့ပြောင်းအလုပ်သမားအများစုက ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ပန်းတနော်၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်တွေကဖြစ်သလို အခြားမြို့နယ်တွေကလည်း ပါဝင်လာတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေချိတ်ဆက်ပြီး မြို့နယ်တွေမှာရှိတဲ့ Community Based Facility Quarantine တွေမှာ စောင့်ကြည့်တာတွေပြုလုပ် သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Image may contain: one or more people and outdoor

Facebook Comments

Burmese Online News