ကံကောင်းတဲ့သားအဖ ဘယ်သူမှ အဆိုးနဲ့ မကြုံချင်ပါဘူး ဒါပေမဲ့ တချို့ အဆိုးကနေ အကောင်းဖြစ်သွားကြတာ ကြုံဖူးကြမှာပါ

ကံကောင်းသားအဖ ဘယ်သူမှ အဆိုးနဲ့ မကြုံချင်ပါဘူး။ ဒါပေမဲ့ တချို့ အဆိုးကနေ အကောင်းဖြစ်သွားကြတာ ကြုံဖူးကြမှာပါ။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က အွန်လိုင်းမှာ တွေ့လိုက်ကြမှာပါ။ မိန်းမက ကိုဗစ်-၁၉ positive (case 33) ဖြစ်သွားတော့ ယောက်ျားနဲ့ ၁ နှစ်ခွဲအရွယ် သားငယ်လေး အဆောင်ကနေ အနှင်ခံရပြီး ဘယ်သွားရမှန်း မသိဘဲ လမ်းဘေးမှာ ထိုင်နေတာ။(ပုံ ရှိပါတယ်။ Ethic အရ မတင်တာပါ)

ကံကောင်းချင်တော့ သူတို့သားအဖက ” ဓမ္မရဝေတောရရိပ်သာ ” မှာ ဖွင့်ထားတဲ့ Facility Quarantine Center ကို ရောက်လာကြတယ်။ သားအဖနှစ်ယောက် အဲယားကွန်း၊ ရေချိုးခန်း အိမ်သာတွဲလျက် အခန်းမှာ ကုတင်၊ မွေ့ယာ အပြည့်အစုံနဲ့ အကျအန။ ဘုန်းဘုန်းကိုယ်တိုင်က အားမငယ်ဖို့၊ ကျန်းမာအောင်နေဖို့၊ လိုတာရှိရင် ပြောဖို့ ဖုန်းဆက်ပြီး အားပေးတဲ့အပြင် ကလေးကစားစရာနဲ့ Diaper ကအစ ဝယ်ပေးခဲ့ပါတယ်။

Image may contain: outdoor

ကိုကံကောင်းက ရွှေပြည်သာတံတားနားမှ ဆန်ထမ်းတဲ့ အလုပ်လုပ်တယ်။ မိန်းမက အရင်က အထည်ချုပ်မှာ လုပ်တာ။ ကလေးရတော့ မလုပ်တော့ဘူး။ အဆောင်ခက တစ်လ ငါးသောင်းခွဲ။ ကိုကံကောင်းကိုင်တဲ့ ဖုန်းက keypad ဖုန်းလေးဆိုတော့ fb သုံးလို့မရဘူး။ မနေ့က အလှူရှင်တစ်ဦးက Wave money နဲ့ ငွေ ၉၀၀၀၀ ကျပ် လွှဲပေးတယ်။ လိုတာကို ဘုန်းဘုန်းကစိုက်ပြီး ဖုန်းအသစ်တစ်လုံး ဝယ်ပေးလိုက်တယ်။

Image may contain: phone

” ဓမ္မရဝေတောရရိပ်သာ ” မှာ Q ဝင်နေသူတွေ စိတ်ဖိစီးမှု သက်သာစေဖို့ ဘုန်းဘုန်းက wifi (အခမဲ့) တပ်ပေးထားတယ်။ ဒီမနက် ကျွန်တော် ကိုကံကောင်းဆီကို ဖုန်းခေါ်ကြည့်တော့ ring tone က သီချင်းသံ​လေးနဲ့ သာယာနေလိုက်တာ။ ကိုကံကောင်းက . . . ” ကျွန်တော် ရက်ပြည့်လို့ ပြန်ရမယ်ဆိုရင် မပြန်ခင် ဘုန်းဘုန်းကို မြင်ဖူးအောင် သေသေချာချာကြည့်ပြီး ကန်တော့အုန်းမှာ၊ ကျွန်တော်တို့ သားအဖ ကံကောင်းလွန်းလို့ ဘုန်းဘုန်းကျောင်းကို ရောက်လာတာပါ အစ်ကို ”

Image may contain: 1 person

Quarantine (၂၁)ရက်ပြည့်လို့ ကိုကံကောင်းတို့ သားအဖ အိမ်အပြန်လှအောင် ကျွန်တော်နဲ့ Dr PyaeSone က တစ်သိန်းစီ ပေးလိုက်အုန်းမှာပါ။ ကံကောင်းလက်စနဲ့ ဆက်ပြီး ကံကောင်းပါစေလို့ ဆန္ဒပြုရင်း ။

Image may contain: 1 person, food

ဝင်းသိန်း FB

Facebook Comments

Burmese Online News