အမှန်တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစာတွေကို ရှာဖွေပြီး စားနပ်ရိက္ခာများထောက်ပံ့ပေးနေ

Yangon Social Group လူငယ်ပရဟိတ ကုသိုလ်လူမှုရေးအသင်းကလှူဒါန်းတာပါ။စားနပ်ရိက္ခာများ အမှန်တကယ်လိုအပ်နေတဲ့ ကျူးကျော်နေထိုင်သူတွေ၊ လက်လုပ်လက်စားတွေနဲ့ လမ်းပေါ် ဈေးရောင်းသူတွေကို လိုက်လံရှာဖွေကာ စားသောက်ရေးပစ္စည်းများကို ထာက်ပံ့မှုတွေကို Yangon Social Group လူငယ်ပရဟိတ ကုသိုလ်လူမှုရေးအသင်းကဦးဆောင်ပြီး ထောက်ပံ့မှုတွေလုပ်ဆောင်လျှက်ရှိပါတယ်။ရန်ကုန်တိုင်းအပြင် ရန်ကုန် – မန္တလေး အမြန်လမ်းမဘေးက ပြည်သူတချို့ကိုပါ စားနပ်ရိက္ခာထာက်ပံ့မှုတွေ ပေးအပ်လျှက်ရှိပြီး လက်ရှိမှာတော့ အိမ်ထောင်စုပေါင်း ၉၀၀ လောက်ကို ထောက်ပံ့ပေးထားတယ်လို့

Yangon Social Group လူငယ်ပရဟိတ ကုသိုလ်လူမှုရေးအသင်းတည်ထောင်သူ ကိုမျိုးသီဟက ပြောပါတယ်။“ ကိုယ်ထောက်ပံ့ပေးမယ့် သူတွေကို ဘယ်လို ရှာလဲဆိုတော့ ကားတွေနဲ့ လိုက်ကြည့်တယ်။အခြေအနေ သုံးသပ်တယ်။ တကယ်လိုအပ်နေသလားပေါ့။ လမ်းဘေးမှာအလုပ်လုပ်နေတဲ့သူမျိုးတွေ၊ ကျနော်တို့က သူတို့ကို တွေ့တာနဲ့တန်းမလှူဘူး။ အခြေနေကြည့်တယ်။ ပြီးတော့မှ သူတို့လိုအပ်မှုကို သွားလှူတယ်။နောက်လှူတဲ့အခါမှာလည်း တချို့က အခက်အခဲရှိတယ်။ လူများတဲ့အခါ ဝိုင်းအုံတာဆို ပြဿနာရှိနိုင်တယ်။ အဲဒီလိုမဖြစ်အောင် ကိုယ်လှူမယ့်သူက ဘယ်သူလဲဆိုတာကို အရင်ရွေးပြီးတော့မှ လူတွေကိုလွှတ်ပေးလိုက်တယ်။ ကျနော်တို့ကတော့ တစ်နေရာဝေးဝေးကနေ စောင့်နေလိုက်တယ်။ အခုအစီအစဉ်ကိုတော့ ဒီလ ၈ ရက်နေ့ကစပြီးလုပ်နေတာပါ။”လို့ ကိုမျိုးသီဟက ပြောပါတယ်။


အသင်းရဲ့ ထောက်ပံ့မှုတွေအနေနဲ့ကတော့ အိမ်ထောင်စုတစ်စုကို ငွေကျပ် အနည်းဆုံး ၈၀၀၀ ကျပ် – ၉၀၀၀ ကျပ် တန်ဖိုးရှိ ဆန် ၊ ဆီ ၊ ကြက်သွန် ၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက် ၊ mask နဲ့ လက်သန့်ဆေး ရေတွေကိုလှူဒါန်းတယ်လို့ သိရပါတယ်။ အိမ်ထောင်စုတစ်စုချင်းအလိုက် ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ် လှူဒါန်းမှုပုံစံကတော့ ကွဲပြားမှုရှိတယ်ဆိုပါတယ်။

အခုလိုလှူဒါန်းမှုတွေအပြင် ရန်ကုန်တိုင်းအတွင်းက စားနပ်ရိက္ခာထောက်ပံ့ပေးဖို့လိုအပ်နေတဲ့ မယ်သီလရှင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းအချို့ကိုလည်း ဆန်ဆီ ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာဆိုရင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက မယ်သီလရှင် ၆၈ ပါးရှိတဲ့ ကျောင်းမှာ သီလရှင်တစ်ပါးကို ဆန် ၃ ပြည်အပါ ဆီ ၊ လက်သန့်ဆေး၊ mask တွသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

ဓူဝံ

Facebook Comments

Burmese Online News