ဖောင်ကြီးဆေးရုံတွင် အမှိုက်မီးရှို့စက်နှင့် မီးသဂြိုလ်စက် တည်ဆောက်ပြီးစီး

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်-ဖောင်ကြီး) တွင် အမှိုက်မီးရှို့စက်နှင့် မီးသဂြိင်္ုလ်စက်တည်ဆောက်ပြီးစီးပြီဖြစ်ရာ ဧပြီ ၂၈ ရက်နေ့တွင်စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။

Image may contain: house, sky and outdoor

အမှိုက်မီးရှို့စက်တွင် ရိုးရိုးအမှိုက်များသာမက ဆေးရုံသုံးစွှန့်ပစ်ပစ္စည်းကဲ့သို့ အမှိုက်များကိုလည်း မီးရှို့ဖျက်စီးနိုင်မည်ဖြစ်သည်။ ထို့အပြင် ကိုဗစ်၁၉ ရောဂါလူနာများမတော်တဆုံးပါးသွားပါက မီးသဂြိုဟ်နိုင်ရန်အတွက် မီးသင်္ဂြိုလ်စက်ကိုလည်း ဧပြီ ၃ ရက်နေ့မှ စတင်တည်ဆောက်ခြင်း ဖြစ်ကြောင်း၎င်း က ဆက်လက်ပြောကြားသည်။

Image may contain: outdoor

အဆိုပါအမှိုက်မီးရှို့စက်ကို ဒီဇယ်လောင်စာအသုံးမည်ဖြစ်ပြီး တစ်နာရီလျှင် အမှိုက်တန်ချိန် သုည ဒသမ နှစ်တန်မီးရှို့နိုင်ကြောင်း ဒေါက်တာ အောင်မြင့်မော်က ဆက်လက်ပြောကြားသည်။

No photo description available.

အဆိုပါအမှိုက်များကို မီးရှို့ရာမှ ထွက်လာသည့်ပြာများကို ၁၀ ပေပတ်လည်ရှိကန်ထဲထည့်ကာ အနည်ထိုင်စေပြီး မီးခိုးငွေ့များကို ကျောက်မီးသွေးမှတစ်ဆင့် ကယ်ဆီယံကာဗွန်နိတ်အဆင့်ဆင့်ဖြတ်ပြီး သန့်စင်သည့်လေအဖြစ်လေထုထဲသို့ ရောက်သွားမည်ဖြစ်ကြောင်း၎င်း က ဆိုသည်။

No photo description available.

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဆေးရုံ (ယာယီ) တွင် ကိုဗစ် ၁၉ ရောဂါပိုးရှိသူများကိုကုသပေးရန် အရပ်ဘက်၊ စစ်ဘက်နှင့်ပုဂ္ဂလိက ဆရာဝန်၊ သူနာပြု ကျန်းမာရေးဝန်ထမ်း နှစ်ရာခန့်နှင့် ကုတင်နှစ်ထောင်ခန့် ပြင်ဆင်ထားသည်။

Image may contain: one or more people and people standing

#The_Voice

Facebook Comments

Burmese Online News