မော်လမြိုင်မြို့ Quarantine အဆောင်မှ ထွက်ပြေးသည့် လင်မယားအား တွေ့ရှိပါက သတင်းပေးပါရန်

မော်လမြိုင်မြို့ Quarantine အဆောင်မှ ထွက်ပြေးသည့် လင်မယား တွေ့ရှိပါက သတင်းပေးပါရန် မေတ္တာရပ်ခံ…

မွန်ပြည်နယ် မော်လမြိုင်မြို့၊ ၁၀ မြို့နယ်အဆောင်ဝန်းအတွင်းရှိ မော်လမြိုင်ဆောင်တွင် ဖွင့်လှစ်ထားသည့် Community Based facility Quarantine (CBFQ) ရှိ မော်လမြိုင်အဆောင် အခန်း (၁၅)ရှိ လင်းမယားစုံတွဲနှစ်ဦးသည် ဧပြီ ၂၆ ရက်နေ့က ရေချိုးခန်းသွားစဉ် ထွက်ပြေးသွားကြောင်းသိရှိရပါသည်။

အဆိုပါ လင်းမယားစုံတွဲနှစ်ဦးသည့် မြဝတီနယ်စပ်မြို့တဆင့်ရိုးဂို‌ကျေးရွာ မှဧပြီလ (၁၉) ရက်နေ့တွင် Quarantine ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးသွားသည့် စုံတွဲနှစ်ဦးအမည်မှာ မြို့ဝတီမြို့နေ အုတ်ဖုတ်လုပ်သား မောင်ဝင်းမင်းထွန်း အသက်(၁၆)နှစ် အဘဦးသောင်းဝင်း၊ မတွယ်တာထွန်း အသက်(၁၅)နှစ် အဘ ဦးခန်းပိုင်း ဖြစ်ပြီးမောင်ဝင်းမင်းထွန်းတွင် ထင်ရှားသည့်အမှတ်သားမျက်နှာညာဘက်ပါးတွင် ဝက်ခြံဘုကြီးတစ်ခုရှိနေကြောင်းသိရသည်။

လင်းမယားစုံတွဲနှစ်ဦး ပျောက်ဆုံးနေသည့်ကို ည ၁၀ ကျော်မှ ဖခင်ဖြစ်သူမှ သတင်းပို့လာသဖြင့် CBFQ ရှိ ရဲတပ်ဖွဲ့ဝင်များ၊ ဈေးကြိုအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ လူမူကယ်ဆယ်ရေးအဖွဲ့များ လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်မရှိသည့်အတွက် တွေ့ရှိပါက နီးစပ်ရာရဲစခန်းသို့အကြောင်းကြားပေးကြပါရန် ထုတ်ပြန်ကြေညာထားသည်။

#Blacker

Facebook Comments

Burmese Online News