ထိုင်းနိုင်ငံတွင် အရေးပေါ်အခြေအနေ သက်တမ်း ၁ လထပ်တိုး

ထိုင်းအစိုးရဟာ COVID-19 ရောဂါကူးစက်မှု အရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို မေလကုန်ထိ သက်တမ်းတိုးလိုက်ပါတယ်။ဒါပေမဲ့ အသစ်ကူးစက်ခံရသူ အရေအတွက် လျော့သွားလို့ စီးပွားရေးနဲ့ လူထုလှုပ်ရှားမှု ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးဖို့ စဉ်းစားမယ်လို့လည်း အစိုးရအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

ကူးစက်မှု ဒုတိယလှိုင်း ဖြစ်နိုင်ခြေကို စိုးရိမ်လို့ သက်တမ်းတိုးတာ ဖြစ်ပြီး အရေးပေါ် အခြေအနေ သြဇာသုံးခွင့်ကို သက်တမ်းတိုးသလို ပြည်လုံးကျွတ် ညမထွက်ရ အမိန့်ကိုလည်း နောက်ထပ်တလ သက်တမ်းတိုးလိုက်ပါတယ်။

Bangkok - What you need to know before you go

ခရိုင်တွေ အချင်းချင်းအကြား ခရီးသွားခွင့်နဲ့ လူထုလှုပ်ရှားမှုကြီးတွေကို တားမြစ်ပိတ်ပင်ချက် ဆက်ထားဖို့၊ အိမ်ကနေ အလုပ်လုပ်တဲ့ မူဝါဒကို သက်တမ်းတိုးဖို့နဲ့ မေလအတွင်း အများပြည်သူ အားလပ်ရက် ၄ ရက်ကို ဆိုင်းငံ့ထားဖို့လည်း အစိုးရ လက်အောက်ခံ COVID-19 အခြေအနေ စီမံခန့်ခွဲရေးစင်တာ CCSA က ထောက်ခံချက် ပေးထားပါတယ်။

25 Best Things to Do in Bangkok (Thailand) - The Crazy Tourist

လုပ်ဆောင်ချက်အသစ်တွေကို ဧပြီ ၂၈ ရက်မှာ အစိုးရအဖွဲ့ အတည်ပြုချက်ရဖို့ တင်ပြမှာပါ။ ရောဂါကူးစက်ခံအရေအတွက် တိုးတက်မှုအပေါ် မူတည်ပြီး စီးပွားရေးနဲ့ လူထုလှုပ်ရှားမှုတွေအတွက် ကန့်သတ်ချက်တချို့ ဖြေလျှော့ရေးကို အစိုးရအဖွဲ့က ဆွေးနွေးမယ်လို့ CCSAရဲ့ ပြောခွင့်ရက ပြောပါတယ်။

Bangkok travel | Thailand - Lonely Planet

အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ကလည်း ဧပြီ ၄ ရက်က စခဲ့တဲ့ ထိုင်းနိုင်ငံထဲကို လာမယ့် နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ် အားလုံးကို တားမြစ်ပိတ်ပင်ချက်ကို မေ ၃၁ ရက်ထိ သက်တမ်းတိုးထားပါတယ်။

#ဒီဗွီဘီ

Facebook Comments

Burmese Online News