ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့သူများကို ခေါ်ဆောင်ရာတွင် အထိတ်တလန့်ဖြစ်အောင် မလုပ်ရန် ညွှန်ကြား

ကိုဗစ်-၁၉ ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့သူတွေကို သွားရောက် ခေါ်ဆောင်ရာမှာ ရပ်ကွက်အတွင်း အထိတ်တလန့်မဖြစ်စေဖို့ လိုအပ်တဲ့ အနည်းဆုံးအင်အားကို အသုံးပြုပြီး ခေါ်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဧပြီ ၂၆ ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ရောဂါပိုး တွေ့ရှိသူ လူနာတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး သွားရောက်ခေါ်ဆောင်ရာ မှာ အင်အားအများအပြားနဲ့ အတင်းအကျပ် သွားရောက်နေတဲ့အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူတွေ အထိတ်တလန့် ဖြစ်ပေါ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Myanmar sends back China plane after coronavirus scare | Frontier ...

ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတဲ့ အတည်ပြုလူနာတွေ ထိတွေ့ခဲ့သူတွေကို သက်ဆိုင်ရာက လိုက်လံစုံစမ်းပြီး ရောဂါကူးစက်ခံရမှုရှိမရှိ စစ်ဆေးတာနဲ့ အသွားအလာ ကန့်သတ် စောင့်ကြည့် quarantiene ထားရှိတာတွေလုပ်ဆောင်နေတာပါ။

ဒီဗွီဘီ

Facebook Comments

Burmese Online News