တိုင်းရင်းသားဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကော်မတီဖွဲ့

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အခြေပြုရာ ဒေသတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် “ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာသမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီကော်မတီမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယ၀န်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်

ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များက၀င်လာတဲ့သူတွေကို စစ်ဆေး၊ စောင့်ကြည့်ခြင်း၊ သံသယလူနာတွေနဲ့ ထိတွေ့သူတွေကို ရှာဖွေ ဖော်ထုတ်ခြင်း၊ ရောဂါလက္ခဏာပြသူတွေကို ကုသပေးခြင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်-၁၉ဆိုင်ရာ အရေးပေးဆောင်ရွက်ရေးကိစ္စရပ်တွေ ပေါ်ပေါက်လာရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့လမ်းညွန်ချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ခြင်း စတာတွေ ပါဝင်ပါတယ်။

NCA-S EAO | နိုင်ငံတော်သမ္မတသစ် ...

ဧပြီလ ၂၇ ရက်၊ တနင်္လာနေ့ ရက်စွဲတပ်ထားတဲ့ သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးထုတ်ပြန်တဲ့ ဒီကြေညာချက်ကို ဧပြီလ ၂၈ ရက်၊ အင်္ဂါနေ့မနက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#VOA

Facebook Comments

Burmese Online News