ကိုဗစ်-၁၉ ကို တရုတ်နိုင်ငံက အမြန်တားဆီးခဲ့ပါက ကမ္ဘာအနှံ့ ကူးစက်မည်မဟုတ်ဟု သမ္မတထရမ့် ပြော

ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ အမေရိကန်အစိုးရက သေချာစုံစမ်းစစ်ဆေးနေတဲ့အကြောင်းနဲ့ ကပ်ရောဂါ ကမ္ဘာအနှံ့ မပျံ့နှံ့ခင် တရုတ်အစိုးရက တားဆီးလို့ရတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂၇ ရက်မှာ ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဖြေရှင်းချက်ကို အားမရဘူးလို့လည်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတထရမ့်က ပြောပါတယ်။“ကိုဗစ်-၁၉ကပ်ရောဂါကို ရောဂါစဖြစ်တဲ့ ရင်းမြစ်မှာပဲ တားဆီးနိုင်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အမြန်တားဆီးနိုင်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံအနှံ့ ကူးစက်မှာ မဟုတ်ပါဘူး”လို့ သမ္မတထရမ့်က ပြောပါတယ်။

Trump's COVID-19 Economic Council Was a Mess Before It Began

ကိုဗစ်-၁၉ ကပ်ရောဂါ ရင်းမြစ်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၈၀,၀၀၀ ကျော်၊ သေဆုံးသူ ၄၀,၀၀၀ ကျော် ရှိခဲ့ပေမယ့် တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကူးစက်သူ ၃ သန်းကျော်၊ သေဆုံးသူ ၂ သိန်းကျော် ရှိနေတယ်လို့ Worldometer ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရပါတယ်။

#ဒီဗွီဘီ

Facebook Comments

Burmese Online News