မော်လမြိုင် Quarantine အဆောင်မှ ထွက်ပြေးသည့် စုံတွဲအား ပြန်တွေ့၊ ကူးစက်ရောဂါကာကွယ်ရေး ဥပဒေဖြင့်အမှုဖွင့်

မော်လမြိုင်မြို့၊ ၁၀ မြို့နယ်အဆောင်ဝန်းအတွင်းရှိ မော်လမြိုင်ဆောင်တွင် Community Based facility Quarantine (CBFQ) ဆောင်ရွက်နေရာမှ ထွက်ပြေးသွားသည့် လင်မယားနှစ်ဦးအား ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးအား ကူးစက်ရောဂါကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါအဆောင်တွင်ပရဟိတလုပ်ကိုင်ပေးနေသည့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောဆိုသည်။

Image may contain: 2 people, people standing

၎င်းတို့အနေဖြင့် Quarantine ဝင်နေသည့် အဆောင်မှ ရေချိုးမည်ဆိုကာ ဧပြီ ၂၆ ရက်နေ့ညတွင် ထွက်ပြေးသွားခဲ့ခြင်းပြီး ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာသို့ရောက်ရှိစဉ်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Image may contain: 1 person, sitting

” ဒီမနက်ပဲပြန်တွေ့ပါပြီဗျ။ ကောင်မလေးက အစင်ဇာတိဖြစ်တဲ့အတွက် အဲ့ကိုထွက်ပြေးသွားတာ။အခုကျွန်တော်တို့ သက်ဆိုင်ရာ ရဲတွေနဲ့ ဆင့်ကဲဆင့်ကဲ ချိတ်ဆက်ပြီး ပြန်ခေါ်နေပါပြီ။ သူတို့ကို ကျန်းမာရေးက အမှုဖွင့်ထားပြီးပါပြီ။ သူတို့ရောက်တာနဲ့ တရားရုံးတင် မယ်လို့သိရပါတယ်။ သူတို့ကို Quarantine ဘယ်လိုပြန်ထားမလဲဆိုတာတော့ ကျန်းမာရေးက မညွှန်ကြားသေးပါဘူး” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ဓာတ်ပုံ _ အစင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး

အဆိုပါလင်မယားမှာ မြဝတီနယ်စပ်မြို့မှတစ်ဆင့် မိဘများနှင့် အတူ Community Based facility Quarantine (CBFQ) ဆောင်ရွက်နေသည့် မော်လမြိုင်အဆောင် အခန်း(၁၅)သို့ ဧပြီ ၁၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မေ ၅ရက်နေ့တွင်မှ Quarantine ကာလ ပြည့်မြောက်မည်ဖြစ်သည်။ မော်လမြိုင်မြို့ ၊ ၁၀ မြို့နယ်အဆောင် တွင် Quarantine ဆောင်ရွက်နေရာက ထွက်ပြေးမှု ယခုအကြိမ်နှင့်ဆို နှစ်ကြိမ်ရှိပြီဖြစ်ပြီး၊ ယခင်က ပြည်တော်ပြန် ၇ ဦးထွက်ပြေးမှု တစ်ကြိမ်ဖြစ်ခဲ့ကြောင်းသိရသည်။

#Myanmar_Times

Facebook Comments

Burmese Online News