ချင်းပြည်နယ် တီးတိန်ဆေးရုံမှာ အရေးတကြီးလိုအပ်နေတဲ့ အရေးပေါ်ကရိယာ(၃၃)သိန်းဖိုးလှူဒါန်းပေးခဲ့တဲ့ တင်မိုးလွင်

ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ တင်မိုးလွင်ကတော့ ဒီနေ့ ဧပြီလ (၂၈)မှာ လတ်တလောဖြစ်ပေါ်နေတဲ့ Covid-19 အတွက် လိုအပ်တာလေးတွေကို ထပ်မံလှူဒါန်းပေးလိုက်ပြန်ပါပြီ။တင်မိုးလွင်ကတော့ Covid-19 ကပ်ရောဂါကြီးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့ပြီး အခုတစ်ခေါက်လှူဒါန်းတာဆိုရင် (၅)ကြိမ်မြောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ တင်မိုးလွင်ဟာ ချင်းပြည်နယ်၊ တီးတိန်ဆေးရုံအဖို့ အရေးပေါ်လိုအပ်နေတဲ့ အသက်ရှုပိုက်ထည့် လေပြွန်ကြည့်ကိရိယာ (Video Laryngoscope)  ( ၂၃)သိန်းကျပ်၊ ဆေးထိုးကိရိယာ (Syringe Pump) ကျပ်(၈)သိန်းခွဲ နှင့် ပစ္စည်းပို့လှည်း (Device Trolley) ကျပ်(၁)သိန်းခွဲ စုစုပေါင်း(၃၃)သိန်းတန်ဖိုးရှိ ဆေးရုံသုံးကိရိယာများကို ခေတ်သစ်ဖောင်ဒေးရှင်းကနေ တစ်ဆင့်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

တင်မိုးလွင်ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေအတွက် တင်မိုးလွင်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း တင်မိုးလွင်ရဲ့ အလှူလေးအတွက်ကို သာဓု ခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Facebook Comments

Burmese Online News