ပုလဲရတုတိုင်သွားပြီဖြစ်တဲ့ အိုင်းရင်းခရော့စ်အဖွဲ့
၁၉၉၀ တွင် စတင် တည်ထောင်ခဲ့သည့် အိုင်းရင်း ခရော့စ်အဖွဲ့သည် ဧပြီ ၂၇ ရက် တွင် နှစ် (၃၀) ပြည့်ပြီဖြစ်သည်။
‘‘လင်းစတူဒီယိုရဲ့ Track Sheet ပေါ်က Band နာမည်ဖြည့် တဲ့နေရာမှာ Iron Cross ဆိုပြီး အင်ဂျင်နီယာက ဖြည့်တယ်။ နေ့စွဲမှာ ၂၇-၄-၁၉၉၀ လို့တပ် တယ်။ ဒီနေ့ဒီရက်ကိုပဲ ကျွန်တော် တို့အားလုံးရင်ထဲမှာ မှတ်တမ်း တင်ထားလိုက်ကြတယ်။ ဒါဟာ Iron Cross ရဲ့ စတင်ခြင်း ပထမ ဆုံးနေ့ပေါ့။ နှစ်ပေါင်း (၃၀) ပြည့် ပါပြီ’’ ဟု ယင်းအဖွဲ့တွင် မန်နေ ဂျာအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် ဦးကိုကိုလွင်က ၎င်း၏ ဖေ့စ် ဘွတ်ခ်၌ ယမန်နေ့က ရေးသား ထားသည်။
အိုင်းရင်းခရော့စ် အဖွဲ့တွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင် ဝိုင်းတို့က ပင်တိုင်အဆိုရှင်များ အဖြစ် ပါဝင်ကာ တီးဝိုင်းအဖွဲ့ သားများအဖြစ် ချစ်စမ်းမောင်၊ ခရမ်း၊ ဗညားနိုင်နှင့် ခင်မောင် သန့်တို့ ပါဝင်သည်။‘‘အမျိုးများအားလုံး ကျေး ဇူးပါ’’ဟု ဝိုင်ဝိုင်း ၏ Fan Page တွင်လည်း နှစ် (၃၀) ပြည့် အမှတ် တရဆုတောင်းနှင့်အတူ ရေးသား ထားသည်။အိုင်းရင်းခရော့စ် အဖွဲ့ အနေဖြင့် နှစ်ပေါင်း (၃၀) ကြာ ရပ်တည်နိုင်ခြင်းသည် အဖွဲ့သား များ တစ်ဦးနှင့်တစ်ဦး နားလည်၊ သည်းခံသောကြောင့်ဖြစ်ကြောင်း ချစ်စမ်းမောင်က အင်တာဗျူးဖြေ ကြားဖူးသည်။
‘‘ရှစ်ယောက်မှာဆိုရင် ငါး ယောက်၊ သုံးယောက် မဲချတယ်။ မဲစနစ်နဲ့သွားတယ်။ မန်နေဂျာ လည်းမရှိတော့ ရှစ်ယောက်ဆုံး ဖြတ်တယ်။ ငါးယောက်ကကြိုက် တယ်ဆို ငါးယောက်ဘက်ပါသွား တယ်’’ ဟု ၎င်းတို့အဖွဲ့နှင့် ပတ် သက်၍ ချစ်စမ်းမောင်က ဖေဖော် ဝါရီအတွင်းက ပြောကြားထား သည်။ နှစ်ပတ်လည်ပွဲအတွက် စီ စဉ်ထားသည်ဟု ဆိုသော်လည်း ကြိုတင်ကြေညာထားခြင်းမရှိခဲ့ ဘဲ ၂၀၂၀ တစ်နှစ်လုံးကို ၎င်းတို့ အဖွဲ့၏ နှစ် (၃၀) ပြည့် နှစ်ပတ် လည်ဟု ခံယူထားကြောင်း ၎င်းကပြောကြားခဲ့သည်။
‘‘အဖွဲ့သားအားလုံးလည်း ကျန်းမာကြပါစေ၊ ပရိသတ်များ လည်း ကျန်းမာကြပါစေ၊ COVID ပြီးရင် အားလုံး ပျော်ရွှင်စွာ ပြန်ဆုံကြမယ်’’ ဟု ဦးကိုကိုလွင် က ဆုတောင်းစကား ရေးသား ထားသည်။အိုင်းရင်းခရော့စ်အဖွဲ့သား တစ်ဦးဖြစ်သည့် အဆိုတော် မျိုးကြီးသည် လက်ရှိတွင် COVID-19 ရောဂါပိုး တွေ့ရှိသော ကြောင့် ဝေဘာဂီဆေးရုံ၌ ဆေး ကုသမှု ခံယူနေရသည်။
#The Voice