ဗိုင်းရပ်စ် ကာလအတွင်းမှာ ထောပတ်ပင်ကို လေ့ကျင့်ဖော်အဖြစ်ပြုလုပ်နေတဲ့ အောင်လအန်ဆန်း
ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်ဆိုရင်လည်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ရုရှားအားကစားသမား Vitaly Bigdash နဲ့ ယှဉ်ပြိုင်ရမှာဖြစ် ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားရပါတယ် အသက် ၃၄ နှစ်အ ရွယ် ကချင်တိုင်းရင်းသား ၎င်းဟာ လက်ရှိအချိန်မှာတော့ နေအိမ်မှာပဲနေထိုင်ကာ လေ့ကျင့်မှုတွေကို အဆက်မပြတ်ပြုလုပ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ အောင်လအန်ဆန်ဟာ ယခင်က ၎င်းရဲ့ကလပ် Sanford MMA က နည်းပြတွေ၊ လေ့ကျင့်ဖော် တွေနဲ့အတူ အားကစားခန်းမအတွင်း လေ့ကျင့်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ နေအိမ်ခြံဝင်းအနောက်ဖက်က မြေကွက်မှာ မိတ်ဆွေတွေ နဲ့ လေ့ကျင့်ခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပိုးကူးစက်ခံရမှုအများဆုံးနဲ့ လူသေဆုံးမှုအများဆုံးနိုင်ငံက အမေရိ ကန်ပြည် ထောင်စု ဖြစ်လာပြီးနောက် အောင်လ ဟာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ကျန်းမာရေး၊ မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ကျန်းမာရေးအတွက် တစ်ကိုယ်တည်းလေ့ကျင့်လျက်ရှိပါတယ်။
၂၀၂၀ ဧပြီလ ၁၈ ရက်အထိ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၁၀၂၇၂ ဦးရှိကာ သေဆုံးသူအရေအတွက်က ၃၇၁၇၅ ဦး အထိ ရှိပါတယ်။ အောင်လအန်ဆန်ကလည်း မိသားစု ဝင်တွေရဲ့ ကျန်းမာရေးအတွက် နေအိမ်မှာပဲနေသလို လေ့ကျင့်မှုတွေကိုလည်း နေအိမ်ခြံဝင်းထဲမှာ တစ်ယောက်တည်းပြုလုပ်လျက်ရှိပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ဦးတည်းလေ့ကျင့်နေရပေမယ့် လည်း ၎င်းက စိတ်ပျက်မနေဘဲ မိသားစုအတွက် အချိန်ပိုပေးဖြစ်သလို နေအိမ်ခြံဝင်းထဲမှာ နေ့စဉ်လေ့ကျင့်လျက်ရှိပါတယ်။ သူ့ ရဲ့ခြံဝင်းအတွင်းက သက်မဲ့ လေ့ကျင့်ဖော်ကတော့ ထောပတ်ပင်ဖြစ်ပြီး အကူလူတစ်ဦးက လေ့ကျင့်ပေးနေသလိုဖြစ်အောင် ဖန်တီးထားတာပါပဲ။ အောင်လဟာ ထောပတ်ပင်စည်မှာ ၎င်းရဲ့အရပ်အမြင့်အလိုက် Pad နှစ်ခုနဲ့ ခါးပတ်တစ်ခုကို တိပ်နဲ့ပတ်ကာ လက်သီးထိုးချက်၊ ခြေကန်ချက်တွေ လေ့ ကျင့်ခဲ့တာဖြစ်ပါတယ်။
လေ့ကျင့်ဖော်မရှိပေမယ့်လည်း စိတ်ပျက်အားငယ်ခြင်း အလျင်းမရှိဘဲ ထောပတ်ပင်နဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို ၎င်းက Twitter အကောင့်ပေါ်တင်ခဲ့ပါတယ်။ ၃၃ စက္ကန့်ကြာမြင့်တဲ့ အဆိုပါဗီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုသူတွေက ၎င်းကို ချီးကျူးခဲ့ ကြပြီး ပရော်ဖက်ရှင်နယ်ပီသသူအဖြစ် မှတ်ချက်ရေးသားခဲ့ပါတယ်။ အောင်လကလည်း အဆိုပါ ဗီဒီယိုဖိုင်နဲ့အတူ “ဘယ်တော့မှ ဆင် ခြေမပေးတတ်တဲ့သူ၊ အမြဲတမ်း အကြမ်းခံနိုင်တဲ့ ငါ့ရဲ့လေ့ကျင့်ဖော်” လို့ အတူလေ့ကျင့်ဖော် ထောပတ်ပင်အကြောင်း ရေးသားခဲ့ပါ တယ်။နောက်ဆုံး ၇ ပွဲဆက်တိုက်အနိုင်ရထားတဲ့ ၎င်းဟာ Bigdash နဲ့ တတိယအကြိမ်တွေ့ဆုံပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး ကမ္ဘာ့ အကောင်းဆုံး မစ်ဒယ်ဝိတ်တန်းကစားသမားအဖြစ် ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
Aung_La_Nsang