Food Panda delivery သမား ဆယ်ဂဏန်းလောက်ကို Home Quarantine ထား
လှိုင်မြို့နယ်မှာ ပါရမီလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပိုးတွေ့လူနာ Case 146 ရဲ့ ဆူရှီဆိုင်ကို ပစ္စည်းပို့ဖို့ လာရောက်ခဲ့တဲ့ delivery သမားဆယ်ဂဏန်းလောက်ကို ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ဧပြီလ ၂၆ရက်နေ့ကဘဲ Home Quarantine စထားပြီဖြစ်ကြောင်း Food Panda ရဲ့ Marketing ဌာန ခေါင်းဆောင် မနိုရင်းက ဒီဗီဘီကိုပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၆ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၂နှစ်အရွယ် အမျိုးသားကို အတည်ပြုလူနာ case-146 အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။သူဟာ သူ့အမျိုးသမီးဖြစ်သူ Case 139 နဲ့ ထိတွေ့မှုရှိခဲ့ ပြီးနောက် ရောဂါကူးစက်ခံခဲ့ရတာပါ။
Case 146ကို ပိုးတွေ့ ပြီးနောက် သူ့ရဲ့ ဆူရှီဆိုင်ကို အဝင်အထွက် ရှိခဲ့တဲ့ Food Panda delivery ဆယ်ဂဏန်းလောက်ကို သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အပြီးသွားခဲ့တဲ့ မှတ်တမ်းပေါ်မူတည်ကာ delivery သမား ဆယ်ဂဏန်းလောက်ကို သူတို့ရဲ့အိမ်မှာဘဲ Home Quarantine နေဖို့ စီမံထားပြီး၊သူတို့အများစုဟာ လှိုင်မြို့နယ် ပတ်ဝန်းကျင်ကဘဲဖြစ်ကြောင်း Food Panda ကပြောပါတယ်။ အသွားအလာကန့်သတ်တဲ့သူတွေကို စောင့်ကြည့်ဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျန်းမာရေးဌာနကို အကြောင်းကြားပြီးမှ လုပ်သင့် ပြီး၊ဒါမှဘဲ ပြီးပြည့်စုံမယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကပြောပါတယ်။
လှိုင်မြို့နယ်မှာ ပါရမီလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပိုးတွေ့လူနာ Case 146 ရဲ့ ဆူရှီဆိုင်မှာ Food Panda အပြင် တခြား delivery တွေပါ အဝင်အထွက်ရှိကောင်း ရှိနိုင်ကြောင်း ၊ delivery လုပ်ငန်းတွေကို အခုလို ကိုဗစ်ကာလမှာ ဘယ်လိုလုပ်ရမလဲ ဆိုတာ ညွှန်ကြားချက်မပေးသေးကြောင်း၊သက်ဆိုင်ရာအနေနြ့ ဆောင်ရန် ရှောင်ရန် စည်ကမ်းတွေကို ထုတ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကပြောပါတယ်။
#DVB