Q တွေထဲက နောက်ထပ် ၃ ယောက်တွေ့ရှိခြင်းနှင့် ဘယ်က ကူးမှန်းမသိတဲ့ တိတ်တဆိတ် ပြန့်နှံ့မှု

Q တွေထဲက နောက်ထပ် ၃ ယောက် ထပ်တွေ့တယ်။ ဒါကို ကြည့်ခြင်းဖြင့် ကိုဗစ်-၁၉ ရဲ့ တိတ်တဆိတ် ကူးစက်တတ်တာကို ကောက်ချက်ရဲရဲကြီးချလို့ ရတယ်။

ဒါပေမယ့် ဘယ်မှ ခရီးမသွား ဘယ်သူဆီက ကူးမှန်း မသိရတဲ့ Local Transmission တွေ ထွက်ထွက်လာရင် ကျနော်စိတ်အပူဆုံးပါပဲ။ ကျနော်ကတော့ Local Transmission (၈) ယောက်လို့ မှတ်သားထားမိတယ်။ တချို့က ၈ ယောက်ထက်ပိုတယ်လို့ ပြောကြတယ်။

ဘယ်မှ ခရီးမသွား ဘယ်သူဆီက ကူးမှန်း မသိရတဲ့ Local Transmission တွေ တွေ့နေရတာဟာလူထုထဲမှာ ပိုးဟာ တိတ်တဆိတ် ရောက်ပြီး ပြန့်နှံ့နေတာတဲ့ သာဓကပဲလေ။

လူတစ်ယောက်လွတ်သွားရင် တစ်လအတွင်းမှာ ၄၀၆ အထိ ပွားနိုင်တယ်လို့ ကမဝက ပြောပြီးသား။ ရန်ကုန်က လူနေထူတယ်။ အကြောင်းကြောင်းကြောင့် လူစုမိရာမှနေ ရန်ကုန်မှာ အစုလိုက် အစုလိုက် မိသားစုလိုက် ကူးစက်မှုတွေ ရှိခဲ့တယ်။ အကြောင်းမသိပဲ ကူးစက်သူ ၇ ဦး ထွက်လာခဲ့တယ်။ ၈ ယောက်မြောက် အကြောင်းမဲ့ ကူးစက်တဲ့ Local Transmission ကို မန္တလေး မတ္တရာ လူနာ ၁၃၂ မှာ တွေ့ရတယ်။ ခုထိ ဘယ်က စကူးတယ် ဆိုတာ မသိရသေး။ ကိုဗစ်-၁၉ က မကောင်းသူထိပ် ကောင်းသူထိပ်ဆိုသလို ကျလာခဲ့ပြီး ကံဆိုးသူရောဂါ ဖြစ်သွားခဲ့တယ် လို့ ယူဆရမှာလား။ ဒီတော့ ဘာလုပ်သင့်သလဲ ဆိုရင် ခု ပိုးမတွေ့တဲ့ Contact တွေဆီက ဒုတိယ အကြိမ် Swab ပြန်ယူသင့်တယ်လို့ တွေးပါတယ်။

တီးတိန်လို နိုင်ငံခြားပြန်တွေရဲ့ Contact တွေကို Swab တစ်ခါနဲ့ပဲ မကူးဘူး ဆုံးဖြတ်ခဲ့ပေမယ့် အခုလို Local Transmission ၈ ယောက်ရဲ့ Close Contact တွေကို တန်းတူ မစဉ်းစားသင့်ဘူးလို့ ယူဆပါတယ်။ ဒုတိယ အကြိမ် ပြန်ကို ယူသင့်ပါတယ်။ ဒါမှ ကျနော်တို့ Community Spread မရှိတာ သက်သေပြနိုင်မှာပါ။

ကျနော်တွက်ပြဖူးသလို မြန်မာပြည်ရဲ့ တာထွက်ဟာ တော်တော်လေး ကြမ်းခဲ့ပေမယ့် ခုလို ပြန်နှေးသွားရတာဟာ ကျနော်တို့ရဲ့ စည်းလုံးမှု ဇွဲ လုံ့လတို့ကြောင့်ပါ။ တရုတ်ပြည်မှာလို ဆေးရုံသစ်ကြီးတစ်ခုကို တစ်ပါတ် ၁၀ ရက်နဲ့ မဆောက်နိုင်ပေမယ့် ဖောင်ကြီး ကိုဗစ် စင်တာဟာ ကျနော်တို့အတွက် သက်သေပါ။

အခုတွေ့တဲ့ ၃ ယောက်က ကူးစက်မှု အဟောင်းတွေမို့ မကြောက်မိသေးပါဘူး။ ထိတွေ့မှု မရှိ ခရီးမသွားတဲ့ လူနာအမှတ်-၁၃၂ လို လူနာတွေ တက်လာရင် ကျနော်တို့ အခြေအနေ မကောင်းတာကို ပြတာပါ။ တကယ်တော့ Covid-19 ဟာ တအိအိနဲ့ ထိုးတက်လာတတ်တဲ့ Exponential Rise နဲ့ တက်ဖို့ ကြိုးစားနေတာပါ။ တကယ်ပဲ ထိုးတက်ဖို့ ကြံစည်နေတဲ့ Covid-19 ကို ကာကွယ်မှာကတော့ ကျနော်တို့ရဲ့ ဇွဲ လုံ့လ ပါပဲဗျာ။

တကယ်လို့ Local Spread တွေ ထပ်မထွက်လာဘူး ဆိုရင် သူများနိုင်ငံတွေလို Social Distancing တွေ Q တွေ လုပ်တဲ့အပြင် တရုတ်ပြည်နီးပါး Mask သုံးလာကြတဲ့ အကျင့်ကြောင့်လို့ ယူဆရုံပါပဲဗျာ။

Maung Maung Oo

Facebook Comments

Burmese Online News