ကျောက်ဖြူမြို့နယ် ထွေအုပ်ခြံဝင်းအတွင်း အဝေးထိန်းရီမုမိုင်း ၁ လုံးတွေ့ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးခြံဝင်းအတွင်းရှိ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအနီးမှာ ဧပြီ ၂၈ ရက် မနက်က အဝေးထိန်းရီမုမိုင်း တလုံးတွေ့ရှိလို့ လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ရပါတယ်။

94584788_1579020155578899_8085423677300015104_n

ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက “တွေ့တာကတော့ မနက် ၁၁ နာရီခွဲမှာပါ။ အဲဒီဟာကို ကျောက်ဖြူမြို့မှာရှိတဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ကနေ ပြီးတော့ ၁၂ နာရီဝန်းကျင်လောက်မှာ လာပြီးတော့ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်။ သူတို့ပြောတာ ကတော့ အဝေးထိန်းရီမုမိုင်းအမျိုးအစားဖြစ်တယ် လို့ပြောတယ်။ PPC ပိုက်နဲ့လုပ်ထားတဲ့ အချင်း ၅ လက္မ၊ အရှည် ၆ လက္မလောက်တော့ရှိတယ်”လို့ ပြောပါတယ်။

94618556_1579019925578922_6477670367316934656_n

ဒီကိစ္စအသေးစိတ်သိရှိနိုင်ဖို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

94624831_1579019995578915_5123624920152014848_n

ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခြံဝင်းအတွင်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း အမှိုက်ပုံးမီးရှို့ရာက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဝန်ထမ်း ၈ ဦးဒဏ်ရာရခဲ့ပါတယ်။

94654493_1579019845578930_2161084121504284672_n

အလားတူ ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကလည်း ဒုခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အနီးမှာ ထောင်ထားတဲ့ရီမုမိုင်း ၁လုံးတွေ့ရှိခဲ့ပြီး မိုင်းရှင်းလင်းရေးအဖွဲ့က လာရောက် ရှင်းလင်းပေးခဲ့ရပါတယ်။

#ဒီဗွီဘီ

Facebook Comments

Burmese Online News