ရှရားမှာ ပညာသင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိ (၃) ဦး Covid-19 ကူးစက်ခံရ

ရှရားနိုင်ငံမှာ ပညာသင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိ (၃) ဦး Covid-19 ကူးစက်ခံရ…

ရုရှားနိုင်ငံမှာ ပညာတော်သင်သွားရောက်နေတဲ့ မြန်မာ့တပ်မတော်မှ အရာရှိ‌ ၃ ဦး COVID-19 ရောဂါပိုးကူးဆက်ခံခဲ့ရတယ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများအနက် မော်စကိုမြို့ Russian University of Transport (MIIT/RUT) တက္ကသိုလ်မှာ (၂) ဦးနဲ့ Moscow Power Engineering Institute(MPEI) တက္ကသိုလ်က (၁) ဦးတို့မှာ ဧပြီ ၂၇ ရက်နေ့က COVID-19 ရောဂါပိုး တွေ့ရှိခဲ့တာပါ။

လက်ရှိအခြေအနေအရ ရောဂါပိုးကူးစက်ခံထားရသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ၃ ဦး၏ ကျန်းမာရေးအခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာ ခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်လျက်ရှိကြောင်း၊ ရုရှားကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ အဆောင်တွင် သီးခြားနေထိုင်လျက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးမှ ၎င်း ကျောင်းသားများနှင့် ဆက်သွယ်မှုရယူလျက် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်အနေနဲ့ ပြည်ပကိုသွားရောက်ခဲ့တဲ့ တပ်မတော်သားတွေ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်လာရင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုပြုလုပ်နေပြီး ရောဂါပိုးတွေ့ရှိရင်တော့ တပ်ပိုင်ဆေးရုံတွေမှာ ကုသပေးမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

#Blacker

Facebook Comments

Burmese Online News