တောင်ဒဂုံမြို့နယ် အိမ်ထောင်စု ၂၄၀၀ စာအတွက် စားနပ်ရိက္ခာများ လှူဒါန်းခဲ့တဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေမှ သူမတည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတအသင်း၊ ရင်ခွင်မဲ့ ပရဟိတအသင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်တို့နှင့်ပူးပေါင်း၍ တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်အတွက်၊ တစ်ရပ်ကွက်လျှင် အိမ်ခြေ (၁၀၀) နှုန်းဖြင့် စုစုပေါင်း အိမ်ခြေ (၂၄၀၀) စာ ဆန်၊ ဆီ၊ စားနပ်ရိက္ခာများ ကူညီလှူဒါန်းသွားမယ့် အစီအစဉ်ကို ယနေ့ဧပြီလ (၃၀) ရက်နေ့တွင် စတင်လှူဒါန်းပေးခဲ့ကြပါတယ်။

Image may contain: 1 person, standing and outdoor

ယနေ့တွင် အိမ်ခြေ ၄၀၀ အတွက် ကနဦးလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ကျန်ရှိသေးတဲ့အိမ်ခြေများကိုလည်း ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။”အိမ်ခြေ ၂၄၀၀ ကို လှူဒါန်းမှာပါ။ ဒါပေမဲ့ တစ်ရက်တည်းလှူဒါန်းဖို့က အဆင်မပြေတဲ့အတွက် ဒီနေ့ (ဧပြီ ၃၀) မှာ အိမ်ခြေ ၄၀၀ အတွက် လှူဒါန်းတာပါ။ ပြီးရင် မနက်ဖြန်ထပ်ထုပ်ပိုးမယ်။ သန်ဘက်ခါ ထပ်လှူမယ်။ ခွဲခွဲပြီး လှူသွားမှာပါ”လို့ ဆိုပါတယ်။

Image may contain: 1 person

Image may contain: 1 person, food

အိမ်ခြေ ၂၄၀၀ စာအတွက် လှူဒါန်းသည့်ပစ္စည်းများမှာ ကျပ်သိန်း (၁၀၀) ကျော်တန်ဖိုးရှိပြီး အလှူရှင်များအနေနှင့်လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း ခိုင်နှင်းဝေမှ ပြောကြားခဲ့ပါတယ်။

Image may contain: one or more people and food

Image may contain: indoor

Facebook Comments

Burmese Online News