တောင်ကိုရီးယားနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၉၆ ဦးကို ပြန်လည်ခေါ်ယူ

COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ကာလအတွင်း တောင်ကိုရီးယားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၉၆ ဦးကို လေယာဉ်နဲ့ ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

95706573_1449817311885226_5731089220299128832_n

ကိုရီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို Relief Flight တွေနဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ဖို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက စီစဉ် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

95768299_1449817378551886_7519073101917716480_n

ပြန်လာသူတွေအထဲမှာ သင်္ဘောသားတွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ အလုပ်စာချုပ် ပြည့်မြောက်ပြီး နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူတွေ၊ တရားမဝင် နေထိုင်ခဲ့ပြီး မဖြစ်မနေ ပြန်လည်ထွက်ခွာဖို့ လိုအပ်နေသူတွေ ပါဝင်ပါတယ်။

95501020_1449817251885232_4223586687592169472_n

ဒီကနေ့ ညနေ ၅ နာရီမှာ ပထမအကြိမ်ပြန်လည်ပို့ဆောင်မှုအဖြစ် ဆရာတော် ၁ ပါး၊ သင်္ဘောသား ၃၅ ဦး၊ ကျောင်းသူ ၂ ဦးနဲ့ EPS လုပ်သား ၅၈ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၉၆ ဦးကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ ရန်ကုန်ကို ပို့ဆောင်ပေးခဲတာဖြစ်ပါတယ်။

ဒီဗွီဘီ

Facebook Comments

Burmese Online News