အဝတ်နှာခေါင်းစည်း တစ်ခုလျှင် ၁၅၀ ကျပ်ဖြင့် မန္တလေးတိုင်းအစိုးရ ရောင်းချမည်

ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သည့် အဝတ်နှာခေါင်းစည်း (Homemade Mask) တစ်ခုလျှင် ၁၅၀ ကျပ်နှုန်းဖြင့် အခုရေ ၁၀ သိန်း ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရှိရသည်။ ယနေ့ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

Image may contain: one or more people and people sitting

မကြာမီ စက်ရုံ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ အလုပ်သမားများ၊ အခြေခံလူတန်းစားများ အသုံးပြုနိုင်ရန်အတွက် ယင်းကဲ့သို့ ရောင်းချရခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။ ” ဆိုင်မှာရောင်းနေတဲ့ဟာတွေက တစ်ခုကို သုံးရာ၊ ငါးရာမျိုးဆိုတော့ အမြဲတမ်း ဝယ်မသုံးနိုင်ကြဘူးလေ။ ဒါကြောင့် လူတိုင်းသုံးစွဲစေချင်လို့ပါ ” ဟု ၎င်းက ပြောသည်။

Image may contain: 1 person, sitting and table

ယင်းအပြင် Face Shield (မျက်နှာကာ) အခု ငါးသောင်းကိုလည်း မှာယူထားသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကလည်း အများပြည်သူအတွက် အဝတ်နှာခေါင်းစည်း တစ်သိန်းကျော်ကို အခမဲ့ ပေးဝေခဲ့ပြီး လက်ရှိတွင် အဝတ်နှာခေါင်းစည်း နှစ်ခုပါသည့် အိတ်တစ်အိတ်လျှင် ငါးရာကျပ်ဖြင့် မြို့နယ်စည်ပင်ရုံးများ၊ စည်ပင်ဈေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုထားသည်။

Image may contain: 1 person, sitting, eating, table and indoor, text that says 'TOSHIBA'

#The_Voice

Facebook Comments

Burmese Online News