ချစ်ဇနီး စားချင်တယ်ဆိုလို့ မန်ကျည်းရွက်တက်ခူး နေလေရဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်

ချစ်ဇနီး စားချင်တယ်ဆိုလို့ မန်ကျည်းရွက်တက်ခူး နေလေရဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်….

ထင်မသေးပါနဲ့ မိန်းမရယ်…

ဇနီးဖြစ်သူက အိမ်မျက်နှာစာမှာ တန်းစီစိုက်ထားတဲ့ မန်ကျည်းပင်ကို မော့မော့ကြည့်ပြီး ဈေးလည်းမသွားချင်ဘူး မန်ကျည်းရွက်သုပ်စားချင်လိုက်တာ ညည်းနေတော့ တက်ပြီး ခူးလိုက်တယ်.. မခူးလို့ မဖြစ်ဘူး တော်ကြာ မရခင်က ကိုယ်တွေမပြောခဲ့တဲ့ ဓူဝံကြယ်ကို ဆွတ်ပေးမယ်ဆို လုပ်နေမှ အရှက်ကွဲရချည်ရဲ့…

တကယ်တက်ခူးတော့ အမယ် ငါ့ယောက်ျားက သစ်ပင်တက် အဖြစ်သား.. ဆိုပဲ အပင်ပေါ်က ပြောင်ပြတော့ မြှောက်ကားကြီး မလုပ်နဲ့ လိမ့်ကျမယ် ပြောတော့ ရီရင်းပြောမိလိုက်တယ်.. အမေရှိရင် မင်း စိတ်ပူတာကို ရီမှာဟ.. မျောက်ရှုံးအောင် ဆော့တဲ့ ငါ့အကြောင်း မင်း မသိသေးလို့…

ဘာပဲဖြစ်ဖြစ် မန်းကျည်းရွက်ခူးရင်း မရှိတော့တဲ့ အမေ့ကိုလည်း လွမ်းမိတယ်.. ညကျ ငယ်ငယ်က အမေနဲ့အတူ တောထဲ ထင်းခွေရင်း ဟင်းရွက်ရှာတာ ပုတတ် (ပဒပ်) ဖမ်းတာတွေကို သားနဲ့သမီးတို့ကို ပြောပြရအုန်းမယ်…

Moe Yan Naing FB

Facebook Comments

Burmese Online News