နောက် နာရီ (၆၀) အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ…(၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

“ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် နောက် ၁၂ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ (နောက် ၆၀ နာရီအတွင်း) (၃.၅.၂၀၂၀) ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်ပိုင်းတွင် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ကာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။”

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

Facebook Comments

Burmese Online News