“ကလေးတွေကို ကိုဗစ်က မျက်စိထဲမထည့်ပါ ဒါ့ကြောင့် သူတို့ကို ဒုက္ခမပေးပါ” (WHO)

“ကလေးတွေကို ကိုဗစ်က မျက်စိထဲမထည့်ပါ ဒါ့ကြောင့် သူတို့ကို ဒုက္ခမပေးပါ”

ကလေးများနှင့် ကိုဗစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ၂၉-၄-၂၀၂၀ နေ့ကလုပ်တဲ့ Media Conference မှာ ကလေးတွေနဲ့ ကိုဗစ်အကြောင်း မေးခွန်းမေးသွားတာတွေ့ရပါတယ်.. ဒါနဲ့ ကိုယ်လဲစိတ်ဝင်စားလို့ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ကလေးတွေဘယ်နှစ်ယောက်များ ပါနေသလဲကို စေ့ငုကြည့်တဲ့အခါ ဒီလိုတွေ့ရပါတယ်…

ယနေ့အချိန်ထိ ဓာတ်ခွဲအတည်ပြုစုစုပေါင်းလူနာ ၁၅၁ ဦးအနက် ကလေးလူနာ ၁၂ နှစ်အောက် ၅ ဦးပဲ ရှိပါတယ်..

အသက် ၁-၅ တစ်ဦး

အသက် ၅-၁၀ လေးဦး

စုစုပေါင်း ၅ ဦးဖြစ်တဲ့အတွက် စုစုပေါင်းဖြစိပွားမှုရဲ့ ၃.၃ ရာနှုန်းရှိပါတယ်.. အသက်အငယ်ဆုံးကလေးဟာ တစ်နှစ်ခြောက်လဖြစ်ပါတယ်.. ဒီကလေး ၅ ဦးလုံးဟာ စောင့်ကြည့်လူနာတွေ မဟုတ်ကြပဲ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ မိသားစုဝင်တွေပဲ ဖြစ်ကြပါတယ်.. မိသားစုတွင်း ကူးစက်ခံရတာဖြစ်ကြပါတယ်.. ထူးခြားချက်က သူတို့မှာ ရောဂါလက္ခဏာတွေ မရှိကြတဲ့ Asymptomatic Case တွေပဲ ဖြစ်ကြပါတယ်…

မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦးအနက် ရောဂါလက္ခဏာရှိသူ ၆၃ ဦးရှိပြီး ၄၂ ရာနှုန်းရှိပါတယ်.. ​ရောဂါလက္ခဏာမရှိသူ ၈၆ ဦးရှိပြီး ၅၇ ရာနှုန်းရှိတာ တွေ့ရပါတယ်.. ရောဂါအတည်ပြုပြီးမှ ရောဂါလက္ခဏာပေါ်ပေါက်သူ ၂ ဦးရှိပြီး ၁ ရာနှုန်းရှိပါတယ်.. ရောဂါလက္ခဏာအနေနဲ့ ဖျားခြင်းကို ၇၅ ရာနှုန်းမှာတွေ့ရပြီး ချောင်းဆိုးခြင်းကို ၅၄ ရာနှုန်းတွေ့ရပါတယ်…

(၂၉-၄-၂၀၂၀) က နောက်ဆုံးလုပ်တဲ့ WHO Press Conference မှာ ကလေးတွေကနေ ရောဂါကူးစက်မှု ဖြစ်စေသလား အဖိုးအဖွားတွေက သူတို့ရဲ့မြေးလေးတွေကို ပွေ့ဖက်ချင်လှပြီ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းတာ တွေ့ရပါတယ်…

ဒါနဲ့ပတ်သက်ပြီး WHO က ပြန်ဖြေရာမှာတော့ ကိုဗစ်ဟာ ဒီတခါမှာတော့ ကလေးတွေကို ညှာတာပါတယ်.. ကလေးတွေမှာ ဖြစ်တာသိပ်ပြီးမတွေ့ရသလို ရောဂါကူးစက်ခြင်းခံရတဲ့ ကလေးအများစုဟာလဲ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်ကနေ တွေ့ရှိတာဖြစ်ပြီး သူတို့ဟာ သာမန်လက္ခဏာလောက်ပဲ ခံစားရပြီး ပြန်ကောင်းလာကြတာတွေ့ရပါတယ်…

Children's coronavirus symptoms tend to be mild, except for ...

အိမ်တွင်းကူးစက်မှုတွေကို လေ့လာကြည့်တဲ့အခါမှာ လူကြီးတွေကသာ ကလေးတွေကို ကူးစက်တာများပြီး ကလေးကနေ လူကြီးကို ကူးစက်တာ အလွန်နည်းပါးတာကို တွေ့ရပါတယ်.. ကလေးတွေမှာ ရောဂါကူးစက်ခံရလျှင် ဘာ့ကြောင့်ဖြစ်ပွားမှုနည်းရတာလဲဆိုတာရယ် ဒါဟာဘယ်လိုအကြောင်းကြောင့်ဖြစ်ရတာလဲဆိုတာကို မသိရသေးပါ.. ကူးစက်ရောဂါဗေဒမှာလဲ ဒါမျိုးမတွေ့ဖူးသေးပါ.. ဒါ့ကြောင့်သုတေသနတွေများစွာ လုပ်ဖို့လိုအပ်ပြီး အသေးစိတ်လုပ်စရာတွေ များစွာရှိနေပါသေးတယ်…သုတေသနစာတမ်း အစောင် ၉၀ လေ့လာကြည့်တဲ့အခါမှာလဲ ကလေးတွေမှာ ရောဂါကူးစက်ခံရပြီးနောက် ရောဂါမဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီး Seroprevalence အပိုင်းမှာ လက်ရှိအချိန်ထိ မသိနိုင်သေးတဲ့ အရာများစွာရှိနေပါသေးတယ်…

Don't jump the gun: cases of Kawasaki disease in children and ...

ရောဂါလက္ခဏာ မပြတဲ့ကလေးကနေ တခြားသူကို ကူးစက်ဖို့ဆိုတာကလဲ ခဲယဉ်းလှပါတယ်.. ဘာလို့ဆိုတော့ သူတို့က ချောင်းမဆိုး နှာမချေဘူး ကူးစက်ဗေဒဖြစ်စဉ်တစ်ခုလုံးကို သေချာလေ့လာကြည့်လျှင် တခါတရံယူဆချက်နှင့် ကောက်ချက်ချရတာရှိပါတယ်.. တချို့သောသူတွေမှာ ရောဂါလက္ခဏာမပြပေမဲ့ ကူးစက်နိုင်တာကလဲ ရှိနေတာကိုး ဒါ့ကြောင့်မို့ ရောဂါလက္ခဏာရှိသူ ချောင်းဆိုးနှာချေလိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ပမာဏ မည်၍မည်မျှ အပြင်ကိုထွက်သွားသလဲ လက်မှာရောဘယ်လောက်ကပ်ငြိသွားသလဲ ပတ်ဝန်းကျင်ကိုရော ဘယ်လောက်ထိ ရောက်ရှိသွားသလဲဆိုတာကို ဆက်လက်လေ့လာရန် လိုအပ်နေပါသေးတယ်… ရောဂါရဲ့ပြင်းထန်မှုဟာ ဝင်ရောက်တဲ့ ဗိုင်းရပ်စ်ပမာဏပေါ် မူတည်နေလား ဘယ်လိုပုံစံနဲ့ကူးစက်ခံရတာလဲဆိုတာနဲ့ ရောဂါရဲ့ ပြင်းထန်မှု ဆက်စပ်မှုရှိနေလားဆိုတာကိုလဲ အများကြီး လေ့လာဖို့ လိုအပ်နေပါသေးတယ်…

တရုတ်နိုင်ငံမှာ လေ့လာမှုအရ ရောဂါဖြစ်ပွားတဲ့ကလေးများရဲ့ ၉၄ ရာနှုန်းဟာ ရောဂါလက္ခဏာ မရှိသူ သာမန် အသင့်အတင့်သာဖြစ်ကြောင်း တွေ့ရှိရပါတယ်…(Interim clinical guidance for management of patients with confirmed coronavirus disease) တချို့ဥရောပတိုင်းပြည်တွေမှာ သွေးကြောလေးတွေရောင်ပြီး နီရဲ ယားယံလာတတ်တဲ့ Kawasaki ရောဂါစုနဲ့ ဆင်တူတဲ့ပုံစံနဲ့ ဖြစ်ပွားမှု ကလေးတွေမှာ တွေ့ရှိရကြောင်း ဖော်ပြတာတွေ့ရပါတယ်.. ဒါဟာရှားပါတယ်.. တိုင်းပြည်တစ်ခု သို့ နှစ်ခုမှာသာ ဖြစ်တာကိုတွေ့ရပြီး တခြားတိုင်းပြည်များက သတင်းပို့တာ မရှိသေးပါ…မိဘတွေကို ထပ်ပြီးဖြည့်စွက်ပြောရလျှင် ရောဂါဖြစ်ပွားသော ကလေးအများစုသည် သာမန်လက္ခဏာသာဖြစ်ပွားပြီး အမြန်ဆုံးသက်သာပျောက်ကင်းပါသည်.. Kawasaki ရောဂါစုသည် ဟိုးယခင်ကတဲက ရှိသောရောဂါဖြစ်ပြီး ရှားရှားပါးပါး ဖြစ်လေ့ရှိပါသည်…

Kawasaki ရော​ဂါစုသည် အသက် ၅ နှစ်အောက်ကလေးများတွင် ဖြစ်ပွားတတ်သောရောဂါစုဖြစ်ပြီး သွေးကြောများတွင် ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေပါသည်.. Autoimmune ရောဂါတမျိုးလည်းဖြစ်ပါသည်.. ဘာ့ကြောင့်ဖြစ်သည်ဆိုသည့် အကြောင်းရင်းကို ယခုထိမသိသေးပါ.. သို့သော် ကလေးများတွင် Kawasaki လက္ခဏာစုနဲ့ ခပ်ဆင်ဆင်တူသော ရောဂါလက္ခဏာနှင့် ဖော်ပြကြောင်း တွေ့ရှိရပါသည်…

ကိုဗစ်သည် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုသာ ရွေးချယ် တိုက်ခိုက်စေသည်မဟုတ်ပဲ တကိုယ်လုံးရှိ အစိတ်အပိုင်းပစ္စည်းများကို ထိခိုက်စေနိုင်သည့်အတွက် အထူးသတိထားရန် လိုအပ်ပါသည်… နိဂုံးချုပ်ရလျှင် ကလေးများသည် ကိုဗစ်ကိစ္စတွင် ဘာ့ကြောင့်မှန်းမသိပဲ ကိုဗစ်၏ မျက်နှာသာပေးမှု ခံရခြင်းသည်လည်း ကံကောင်းခြင်းတစ်ရပ်ဖြစ်ပါသည်… အဆိုပါ အကြောင်းအရာသည် တကယ့်ကို စိတ်ဝင်စားစရာ ကောင်းပါသည်…

Why are children 'missing' from coronavirus outbreak cases? | Live ...

လက်ရှိတွင်လည်း မြန်မာပြည်က ကိုဗစ်လူနာ ကလေး ၅ ယောက်စလုံးသည် ရောဂါ၏ ဆိုးရွားပြင်းထန်မှာကို မခံစားရပဲ သက်တောင့်သက်တာ ရှိနေပါသည် မကြာမီအားလုံး Negative နှစ်ကြိမ်ဆက်တိုက်ဖြစ်မည်ဟု မျှော်လင့်ရပါသည်

ဒေါက်တာခင်ခင်ကြီး

Facebook Comments

Burmese Online News