ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ဓါတ်ခွဲခန်းကနေ ထွက်ပေါ်လာကြောင်း USA သမ္မတထရမ့် အခိုင်အမာပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် အစပျိုးမှုဟာ တရုတ်နိုင်ငံ ဗိုင်းရပ်စ်ဓာတ်ခွဲခန်းတစ်ခုကနေ အစပြုတယ်ဆိုတာ အပြည့်အဝယုံကြည်တယ်လို့ ပြောကြားလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဟာ တရုတ်ကြောင့် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ နှစ်နိုင်ငံကြားတင်းမာမှုကို ပိုမိုအရှိန်မြှင့်လိုက်ပါတယ်။ ထရမ့်ဟာ ဒီလိုစွပ်စွဲပြောကြားပေမယ့် စွပ်စွဲရတဲ့ အထောက်အထားကို ဖော်ပြပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အမေရိကန်သမ္မတဟာ ဒီလိုစွပ်စွဲပြောကြားမှုကို အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အခန်းအနားတစ်ခုမှာ ပြောကြားလိုက်တာဖြစ်ပြီး သတင်းထောက်တွေက သမ္မတအနေနဲ့ ဝူဟန် ဗိုင်းရပ်စ် ဓာတ်ခွဲခန်းက ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာတဲ့အကြောင်း သက်သေ အထောက်အထားတွေ့ပြီလားဆိုတဲ့ မေးခွန်းကိုတော့ ” ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျွန်တော်တို့မှာ (သက်သေတွေ) ရှိပါတယ်။ ဒါပေမယ့် (သက်သေအထောက်အထား) ခင်ဗျားတို့ကို မပြောနိုင်ပါဘူး။ ခင်ဗျားတို့ကို (သက်သေအထောက်အထားနဲ့ပတ်သက်ပြီး) ပြောဆိုခွင့် မပြုနိုင်ပါဘူး” လို့ ပြန်လည်ဖြေကြားသွားပါတယ်။

State Department cables warned of safety issues at Wuhan lab ...

တရုတ်အစိုးရရဲ့ ဝူဟန်ဗိုင်းရပ်စ်အင်စတီကျုဓာတ်ခွဲခန်းကတော့ ဒီလိုစွပ်စွဲချက်တွေကို ပယ်ချထားပြီး ဗိုင်းရပ်စ်ဟာ ဝူဟန်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ရေးဈေးကနေတစ်ဆင့် ကူးစက်ပြန့်နှံ့ခဲ့တာလို့ ပြောဆိုထားပါတယ်။ထရမ့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို စွပ်စွဲပြစ်တင်မှု ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် အမေရိကန်တစ်နိုင်ငံတည်း လူ တစ်သန်းကျော်ကူးစက်ခံထားရပြီး ခြောက်သောင်းကျော်လောက် အသက်ဆုံးရှုံးထားရတဲ့အပြင် စီးပွားရေးကျဆင်းမှုတွေကြုံတွေ့နေရသလို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုလည်း ခြိမ်းခြောက်လျက်ရှိပါတယ်။

Wuhan lab boss says 'no way coronavirus came from us'

အမေရိကန်သမ္မတက ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် မီဒီယာများတွင် ဖော်ပြနေသလို ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်ဓာတ်ခွဲခန်းက မတော်တဆ လွတ်ထွက်လာတာလား (သို့မဟုတ်) ဝူဟန်ဓာတ်ခွဲခန်းက ဗိုင်းရပ်စ်ကို ဖန်တီးထုတ်လုပ်လိုက်တာလားဆိုတာ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ကြာသပတေးနေ့မှာ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းက လာတာလားဆိုတာ မသိနိုင်သေးဘူးလို့ ပြောကြားထားပါတယ်။ ” ဝူဟန် ဗိုင်းရပ်စ် ဓာတ်ခွဲခန်း အင်စတီကျုကနေ ဗိုင်းရပ်စ် ထွက်ပေါ်လာတာလားဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ လမ်းဘေးဈေးကကူးစက်တာလား၊ တခြားကနေ အခြေပြုကူးစက်လာတာလားဆိုတာလည်း မသိသေးပါဘူး။ အဲ့ဒီအဖြေတွေကို ကျွန်တော်တို့ မသိသေးပါဘူး” လို့ ပွန်ပီယိုက Newsradio 1040 နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် ခံစားရတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ယခင်ကတည်းက ကုန်သွယ်ရေးစစ်ပွဲတွေနဲ့အတူ တင်းမာခဲ့တဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ တင်းမာမှုအရှိန် ပိုမြင့်တက်လာခဲ့တာပါ။

Five Takeaways From Mike Pence's Hawkish China Speech

ဘေဂျင်းအစိုးရကတော့ အမေရိကန်စစ်တပ်ဟာ တရုတ်ထံကို ဗိုင်းရပ်စ် သယ်ဆောင်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စွပ်စွဲထားပြီး ထရမ့်ကတော့ တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ချိန်မှာ ပွင့်လင်းမြင်သာမှုမရှိစွာနဲ့ ကမ္ဘာကို အချိန်ကိုက်သတိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

မနေ့က ထရမ့်က ပြောကြားရာမှာ တရုတ်အစိုးရဟာ ဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးနိုင်ခြင်းမရှိတာလား၊ ဒီအတိုင်း ကမ္ဘာကို ပြန့်နှံ့စေတာလားဆိုတာ ပြောလို့မရဘူးလို့ လည်း ဆိုပါတယ်။

” အနည်းဆုံးတော့ တရုတ်အစိုးရဟာ ပွင့်လင်းမြင်သာမှုရှိဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြောပါတယ်။ “ကျွန်တော်တို့ကတော့ ဒါကို ဖော်ထုတ်သွားမှာပါ။ သိပ်မကြာတဲ့အနာဂတ်မှာ တိကျတဲ့အဖြေတစ်ခုကို သိလာရမှာပါ။ သူတို့အနေနဲ့ အမှားပြုလုပ်ခဲ့တာလား ဒါမှမဟုတ် တမင်တကာ မှားခဲ့တာလားနဲ့ တခြားတစ်ခုခုပြုလုပ်ခဲ့တာလားဆိုတာ မကြာခင် သိရတော့မှာပါ” လို့ အမေရိကန် သမ္မတက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း ထရမ့်က ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာ ၎င်းဟာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီး ဘေဂျင်းအစိုးရအပေါ် ကွဲပြားတဲ့ အမြင်တွေနဲ့ ချဉ်းကပ်ကြည့်နေကြောင်းနဲ့ “ကျွန်တော့်အနေနဲ့ အများကြီးဆောင်ရွက်နိုင်စွမ်းရှိပါတယ်” လို့ ဖြေကြားထားပါသေးတယ်။

#Blacker

Facebook Comments

Burmese Online News